မတ်လ ၁၂ ရက်နေ့က ဗုဒ္ဓဂယာကို မိသားစုနဲ့အတူ ဘုရားဖူး ထွက်သွားတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်က မတ်လ ၂၃ ရက်နေ့မှာ ပြန်ရောက်ရှိခဲ့ပါတယ်။ ဗုဒ္ဓဂယာ ခရီးစဉ်က သူ့အတွက် ဒုတိယအကြိမ်ခရီးစဉ်ဖြစ်ပြီး၊ ပထမအကြိမ်ထက် ဒုတိယအကြိမ်က အမှတ်တရတွေပိုများခဲ့တယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
မဟာဗောဓိစေ တီမှာရှိတဲ့ ဘုရားဆင်းတုတော်ကို သင်္ကန်းကပ်လှူဖို့အတွက် သင်္ကန်းကို နှစ်ယောက်တစ်တွဲ စီကိုင်ပြီး ဘုရားစာရွတ်လာတဲ့အခါ ပီတိ ဖြစ်လွန်းတဲ့စိတ်ကြောင့် တအား ကြက်သီးတွေထပြီး မျက်ရည်တောင် ဝဲခဲ့မိတယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်ကပြောပါတယ်။ ဗုဒ္ဓဂယာကနေ ဗာရာဏသီကို သွားတဲ့လမ်းမှာ ကားပေါ်ပါလာ တဲ့ ခရီးသွား အဖွဲ့ထဲက အသက် ၈၃ နှစ်ရှိတဲ့အဘွားက အသက်ကြီးတဲ့ဒဏ်ရယ်၊ အအေးပတ်တဲ့ ဒဏ်တွေရယ်ကြောင့် ကွယ်လွန်သွားခဲ့တဲ့အတွက် ဗာရာဏသီက ဂင်္ဂါမြစ်ဘေးမှာပဲ မီးသဂြုင်္ိဟ် ခဲ့ကြကြောင်း၊ ဒီလိုမျိုး ဂင်္ဂါမြစ်ဘေးမှာပြုလုပ်တဲ့ အသုဘကိုလည်း မြင်ဖူးချင်တဲ့အတွက် အဘွား ကိုအသုဘလိုက်ပို့ ပေးဖြစ်ခဲ့ကြောင်း၊ နောက် ဇာတ်နိမ့်၊ ဇာတ်မြင့်ရေချိုးတဲ့ နေရာကိုလည်း ရောက်ခဲ့ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က ဆိုပါတယ်။ ဗုဒ္ဓဂယာရဲ့ခရီးစဉ်မှာ နာလန္ဒာ တက္ကသိုလ်ကို နောက်ဆုံးဝင်ဖြစ်ခဲ့ကြောင်း၊ နာလန္ဒာတက္ကသိုလ်ကျောင်းသစ်မှာ ဗုဒ္ဓစာပေကို သင်ကြားနေကြတဲ့ စာသင်သံဃာတွေထဲမှ သံဃာတစ်ပါးကို ၁ နှစ်စာကျောင်းစရိတ် လှူဒါန်း ခဲ့ပြီး နောက်ထပ် ၅ နှစ်စာကျောင်းစရိတ် တာဝန်ယူခဲ့တဲ့ဒါရိုက်တာကြည်ဖြူသျှင်က…
“စာသင်သား သံဃာတွေက Ph. D ဘွဲ့ ရတဲ့အထိ သင်ကြားကြတယ်။ ဒီကိုယ်တော်တွေ က ဒေါက်တာ ဘွဲ့ရသွားပြီဆိုတာနဲ့ ကမ္ဘာ့သာသနာပြုမယ့် ကိုယ်တော်တွေပဲလေ။ အဲဒီ ကိုယ် တော်တွေအတွက် ကျောင်းစရိတ်ကို အစ်မတို့ဘုရားဖူးအဖွဲ့တွေက အလှူငွေ ထည့်ခဲ့ တယ်။ ကိုယ်တော်တစ်ပါးစီမှာ အလှူရှင်တစ်ဦးစီရှိကြတယ်။ ဒါပေမဲ့ အလှူရှင်မရသေးတဲ့ ကိုယ် တော်တွေအတွက်ကို အလှူရှင်ရှာတာပေါ့။ အဲဒီအခါမှာ အစ်မက တစ်ပါးစာ ကျောင်းစရိတ် တာဝန်ယူခဲ့တယ်။ကိုယ်တော်တစ်ပါးရဲ့ တစ်နှစ်စာကျောင်းစရိတ်ကဒေါ်လာ ၆ဝဝပါ။ မိသားစု တွေအားလုံးပေါင်းပြီး တစ်ပါးစာကျောင်းစရိတ် ဒေါ်လာ ၆ဝဝလှူခဲ့တယ်။ နောက်ခရီးသွား အဖွဲ့မှာပါတဲ့ မိသားစုတစ်စုက တစ်ပါးစာတာဝန်ယူတယ်။ အခုလှူခဲ့တာ တစ်နှစ်စာပဲ ရှိသေးတယ်။ ကျောင်းကနောက်ထပ် ၅ နှစ်ထပ်တက်ရဦးမယ်။ ဒါကြောင့်တစ်နှစ်စာ ကျောင်း စရိတ်လှူခဲ့တဲ့ကိုယ်တော်ကို နောက်ထပ် ၅ နှစ်စာ ကျောင်းစရိတ်ကိုပါ တာဝန်ယူခဲ့ တယ်”လို့ ပြောပြပါတယ်။ လင်းအက္ခရာ http://www.yoyarlay.com
0 comments:
Post a Comment