http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Apr 2012

ဒေါ်အောင်ဆန်းစုကြည် ၈၅ ဒသမ ၃၈ ရာခိုင်နှုန်း အနိုင်ရရှိ


ဒေါ်အောင်ဆန်းစုကြည် ၈၅ ဒသမ ၃၈ ရာခိုင်နှုန်း အနိုင်ရရှိကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် များတွင် ပြည်တွင်းပြည်ပ သတင်း မီဒီယာ များက ဦးစားပေး ဖော်ပြနေသော ရန်ကုန်တိုင်း ဒေသကြီး ကော့မှူး မဲဆန္ဒနယ် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌဌ ဒေါ်အောင်ဆန်းစုကြည် သည် ထောက်ခံမဲ ၈၅ ဒသမ ၃၈ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့ကြောင်း အဆိုပါ မဲဆန္ဒနယ်၌ သွားရောက် သတင်းရ ယူနေသူ The Voice Weekly သတင်းထောက်က လွန်ခဲ့သော မိနစ်ပိုင်း အတွင်းက သတင်းပေး ပို့သည်။
ကော့မှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်၏ မဲရေတွက်မှုများ အရ ဒေါ်အောင်ဆန်းစုကြည် သည် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၈၇၀ဝဝ ကျော် ရှိသော ကော့မှူးမဲဆန္ဒ နယ်တွင် ထောက်ခံမဲ ၅၅၉၀၂ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါက်တာ စိုးမင်းမှာ ထောက်ခံမဲ ၉၁၇၂ မဲနှင့် ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီမှာ ၃၉ရ မဲ ရရှိခဲ့ကြောင်း ၄င်းက ဆက်လက်သတင်းပေးပို့သည်။                                      http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif