အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုး တိုးတက် လာတော့မည့် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် အင်ဒိုနီးရှား နိုင်ငံ၏ အကြီးဆုံး ဘိလပ်မြေ ကုမ္ပဏီကြီး တစ်ခုဖြစ်သော PT Semen Gresik Tbk က ဘိလပ်မြေ စက်ရုံ တည်ထောင် ရင်းနှီး မြှုပ်နှံ သွားလိုကြောင်း ပြောကြား သည်ဟု ၂၁-၃-၂၀၁၂ ရက်တွင် သတင်း ရရှိသည်။အင်ဒိုနီးရှား သတင်းစာ တစ်စောင် ဖြစ်သော The Jakata Post ၏ အဆို အရ အဆိုပါ ကုမ္ပဏီ အနေဖြင့် မြန်မာ နိုင်ငံ၏ ဘိလပ်မြေ လိုအပ်ချက်ကို လေ့လာမိပြီးသား ဖြစ်သည့် အလျောက် ဝင်ရောက် ဖြည့်စွက် လုပ်ကိုင် သွားရန် ဆန္ဒရှိ နေခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ မြန်မာကို ဝင်ဖို့ ဖြစ်နိုင်မှု ရှိမရှိ လေ့လာမှုတွေ လုပ်နေသလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေရဲ့ နောက်က အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်လာမှုတွေ အပေါ်မှာ အခွင့် အလမ်းတွေ မြင်နေရပါတယ်" ဟု ယင်း ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ Erizal Bakar က ပြောကြားသည်။
၎င်း အနေဖြင့် မြန်မာ နိုင်ငံ၏ ဘိလပ်မြေ လိုအပ်ချက် တစ်နှစ်လျှင် တန်ခြောက်သန်းကျော် ရှိနေကြောင်းကိုလည်း သိရှိထား သည်ဟု ဆိုသည်။ " မြန်မာပြည်ရဲ့ ဘိလပ်မြေထုတ် လုပ်နိုင်စွမ်းက တစ်နှစ်ကို တန်ချိန် သုံးသန်း ဝန်းကျင်ဘဲရှိတယ်။သူတို့က ထိုင်း ၊ တရုတ်နဲ့ အိန္ဒိယကနေ ကျန်တဲ့ လိုအပ်ချက်ကို တင်သွင်း နေရတာ တွေ့ရတယ်။ " ဟု Mr. Erizalက ပြောကြားသည်။ ၄င်း တို့အနေဖြင့် ဘိလပ်မြေ စက်ရုံအကြီး တစ် ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်လို နေကြောင်း လည်း ပြောကြားသည်။ http://www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment