http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Apr 2012

မလေးရှားတွင် အာဏာရပါတီကို အသာရစေသော ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရန် တောင်းဆို



မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် လူထောင်ပေါင်းများစွာသည် အာဏာရပါတီကို အသာရစေသော ရွေးကောက်ပွဲစနစ်အား ပြုပြင်ပြောင်းလဲပေးရန် ဧပြီလ ၂၈ ရက်နေ့တွင် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
လူဦးရေထူထပ်သော မြို့တော်၏ အချက်အချာနေရာ လွတ်လပ်ရေးရင်ပြင်တွင် ချီတက်ဆန္ဒပြခြင်းကို အာဏာပိုင်များက ပိတ်ပင်ထားခဲ့သော်လည်း သောင်းနှင့်ချီသော ကန့်ကွက်သူများ ပါဝင်လာခဲ့ခြင်းဖြစ်သည်။ 
မြို့တော်အချက်အချာနေရာများတွင် လူအုပ်ကြီးက စုစည်းခဲ့ကြသလို  လုံထိန်းရဲ ၂၀၀၀ ခန့်ကလည်း အသင့်နေရာယူထားသည်ဟုသိရသည်။ ယခုချီတက်မှုသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက လူ ၁၆၀၀ ဖမ်းဆီးခံခဲ့ရသော ဆန္ဒပြချီတက်ပွဲနောက်ပိုင်းအကြီးဆုံးဖြစ်လာမည်ဟုမျော်လင့်ရသည်။ ရွေးကောက်ပွဲများ၏ တရားဝင်မှုအတွက် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပေးမည်ဟု ကတိပြုထားသော်လည်း နှောင့်နှေးနေသည့် ၀န်ကြီးချုပ် နာဂျစ်ရာဇတ် အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။

ယခုအခါ လုံခြုံရေးတင်းကျပ်ထားသလို မြို့အချက်အချာလမ်းကြောင်းများကို ပိတ်ဆို့ထားပြီး အများပြည်သူသုံး ပို့ဆောင်ရေးစနစ်အားလုံးကို ရပ်ဆိုင်းထားသောကြောင့် ကန့်ကွက်ချီတက်သူများမှာ ခြေကျင်လျှောက်နေရသည်ဟု သိရသည်။ မငြိမ်မသက်ဖြစ်ပွားသည့် အခြေအနေမျိုးမူ မတွေ့ရသေးပေ။ 
www.news-eleven.com/i

1 comments:

  1. အကိုရေ သတင်းလေးဖတ်သွားပါတယ် အကို..
    နိုင်ငံရေးနဲ့ အကြောင်းတော့ မသိပါဘူးအကိုရေ...
    လက်ရှိအာဏာရပါတီ လက်ထက်မှာ ရွှေ့ပြောင်းလုပ်
    သမားတွေ အတွက်အနေချောင်လုပ်ရကိုင်ရ အဆင်ပြေ
    ပေမယ့် အတိုက်အခံပါတီ တတ်လာရင်တော့ အဟဲအောင်
    ဖျာလိပ်ပဲ အကိုရေ... ပြည်ပအလုပ်သမားတွေနေရာမှာနိုင်
    ငံသားတွေနဲ့အစားထိုးမယ်လို့ အတိုက်ခံခေါင်းဆောင်တွေခဏ
    ခဏပြောနေတာ... အဲလုပ်ငန်းရှင်တွေကလည်း နိုင်ငံသားလက်
    ကျောမတင်းတွေထက် ပြည်ပလုပ်သားတွေသာ ပိုခိုင်းချင်တာအကို
    ရေ...အလုပ်နည်းနည်းလုပ်ပြီးအခွင့်အရေးများများယူချင်တဲ့သူ့နိုင်ငံ
    သားအလုပ်လက်မယ့် တွေအတွက် အလုပ်အကိုင်အခွင့်အလန်းတွေ
    ဖန်တီးပေးမယ်ဆိုပြီး ကြွေးကြော်နေတဲ့ အတိုက်ခံတွေအတွက်အလုပ်
    သမားအများစု ကတော့ ဆင့်အ၀ှာ ခွေးမျှော် ဆိုသလို အားပေးကြ
    တာပေါ့ အင်းပြောရင်း ကွန်မန့်က ဆောင်းပါးဖြစ်တော့ မယ်.. လက်ရှိ
    အစိုးရနဲ့ လက်ရှိ ဘာရီစံ(ချိန်ခွင်)ပါတီကတော့ ပြည်ပလုပ်သားတွေအတွက်
    အသက်ရှုချောင်နေပါသေးတယ်လို့ ထင်ပါတယ်အကိုရေ..
    သတင်းလေးတွေအတွက် ကျေးဇူးတင်ပါတယ် အကို
    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif