http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 May 2012

မို ဘိုင်း ဖုန်း များ ကြို တင် ငွေဖြည့် ရာ တွင် စက်ဖြင့် ငွေဖြည့် သည့် စ နစ် ကျင့် သုံး မည်

မိုဘိုင်းဖုန်းများ ကြိုတင် ငွေဖြည့် ရာတွင် စက်ဖြင့် ငွေဖြည့်သည့် စနစ် ကျင့်သုံးမည်မိုဘိုင်းဖုန်းများ ကြိုတင် ငွေဖြည့် ရာတွင် လက်ရှိ အသုံးပြု နေသော ကြိုတင် ငွေပေးကတ် အပြင် စက်ဖြင့် ငွေဖြည့်သွင်း ပေးသည့် ကြိုတင်ငွေ ဖြည့်သည့် စနစ် e Top Up စနစ် ကိုလည်း ကျင့်သုံးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
လက်ရှိအချိန်တွင် မိုဘိုင်းဖုန်းများကို ကြိုတင်ငွေဖြည့် သွင်းရာတွင် ကြိုတင် ငွေဖြည့် ကတ်များကို အသုံးပြုရခြင်းဖြစ်ပြီး နောက်ပိုင်း တွင် ဆိုင်များ၌ စက်မှ တစ်ဆင့် ငွေဖြည့်သွင်းပေးသည့် e Top Up စနစ်ကို အသုံးပြုမည်ဖြစ်ပြီး ယခုလ အတွင်းတွင် ဆောင်ရွက် သွားဖွယ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က “မိုဘိုင်းဖုန်း တွေမှာ ငွေဖြည့်ကတ်တွေကို e Top Up စနစ်နဲ့ ဒီလထဲမှာ လုပ်ဖို့ ရှိပါတယ်။ စက်နဲ့သွင်းရမှာပါ။ စက်ကငွေကို ကြိုက်သ လောက်ထည့်လို့ ရပါတယ်။ ဒါပေမယ့် ဒီမှာက ငွေဖြည့်ကတ်လိုပဲ တစ် သောင်း၊ နှစ်သောင်း၊ သုံးသောင်း အဲဒီလို ငွေဖြည့်သွင်း သွားမှာပါ။
ဒီလို လုပ်ပေးတာက တချို့ငွေဖြည့်ကတ် သုံးရတာ အခက်အခဲ ရှိတဲ့သူတွေ အတွက် ငွေဖြည့်ရင် ဂဏန်းတွေ ရိုက်ထည့်စရာ မလိုတော့ဘူး။ ဆိုင်ကနေ ဖြည့်ပေး လိုက်မှာ။ အဲဒါဆို ပိုအဆင်ပြေတယ်။ ဆိုင်တွေ အနေနဲ့ ဘယ် ဆိုင်တွေမှာ ထားပေးမလဲ ဆိုတာကိုတော့ မစီစဉ် ရသေးပါဘူး” ဟု ပြော သည်။
ယင်းသို့ လုပ်ကိုင်ရာတွင် မည်သည့် ဆိုင်များတွင် ထားပေးမည်ကိုမူ အတိအကျ မသိရ သေးသော်လည်း ELite နှင့် ရတနာပုံဆိုင် များတွင် ဖြစ်နိုင်ဖွယ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။  
www.yoyarlay.com/index.php/sci

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif