http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 May 2012

ဆက်သွယ်ရေးကွန် ရက် ကို နိုင်ငံ တ ကာ အ တိုင်း သုံးနှ စ် အ တွင်း တ ည်ေ ဆာက်နို င် ဟု မစ္စ တာ ပီ တာ ချူးပြော

ဆက်သွယ်ရေးကွန်ရက်ကို နိုင်ငံတကာ အတိုင်း သုံးနှစ် အတွင်း တည်ဆောက်နိုင်ဟု မစ္စတာ ပီတာချူးပြောမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၏ ဆက်သွယ်မှု ကွန်ရက်ကို နိုင်ငံ တကာ၏ စံချိန်စံ ညွှန်း အတိုင်း သုံးနှစ် အတွင်း ပြည်တွင်း၌ အပြီးတည် ဆောက်နိုင်ကြောင်း ကမ္ဘာထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်သွေှာံဃ ကုမ္ပဏီ မှ အမှုဆောင်အရာရှိချုပ် မစ္စတာ ပီ တာချူး က ပြောသည်။
" လက်ရှိ မြန်မာနိုင်ငံရဲ့ ဆက် သွယ်မှုကွန်ရက်က အဆင်ပြေတဲ့အ နေအထားမှာ မရှိသေးပါဘူး။ ဒီကွန် ရက်တွေကို နိုင်ငံတကာရဲ့ ကွန်ရက် တွေအတိုင်း အသုံးပြုနိုင် ဖို့ နှစ်နစ် ကျော် သုံးနှစ်အတွင်းမှာ အပြီးတည် ဆောက်လို့ ရပါတယ်။ အဲ့ဒီအတွက် လည်း အားလုံးပူးပေါင်းပြီး လုပ်ရမှာ ပါ။ ဆက်သွယ်ရေး အခြေခံအ ဆောက်အအုံ တည်ဆောက် တဲ့နေရာ မှာ လည်း တစ်ခါတည်းနဲ့ အကောင်း ဆုံး ဖြစ်အောင်လုပ်မှာပါ" ဟု ၄င်းက ပြောသည်။ လည်း လက်ရှိတည်ဆောက်ပြီးသား အခြေခံ အဆောက်အအုံ များ ကို ပြန် လည်ပြင်ဆင်ရ မည်ဖြစ်ကြောင်း သိရ သည်။
" အစိုးရပိုင်း ကလည်း ဒီစနစ် မျိုး လုပ်ချင်ကြပါတယ်။ ကျွန်တော် ကတော့ မြန်မာပြည်အတွက်ဆို ဘာ မဆိုလုပ်ပေးမှာပါ " ဟု ၄င်းက ထပ် မံပြောကြားခဲ့သည်။ ထို့ ပြင် ပြည်တွင်း၌ စိတ်ဝင် စား မှု မြင့်တက်လျက်ရှိသော ကျပ်ငါး ထောင်တန်ဖုန်းကိစ္စကိုလည်း " Sim Card တစ်ခုကို ဈေးပေါပေါနဲ့ ရနိုင် ပါတယ်။ ပြည်ပမှာဆိုSim Cardကို အလကားပေးပြီး အသုံးပြုခိုင်းတာ တွေတောင် ရှိပါတယ်" ဟု ယင်း ကပြောသည်။ HTCကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ ပီတာချူးမှာ ကမ္ဘာ့ထိပ်တန်း နည်းပညာရှင် ငါးဦး တွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း သိ ရသည။် 
www.yoyarlay.com/index.php

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif