လယ်သမားကြီး ဦးသိန်းစိန် ကျားကူးရွာ စိုက်ခင်းများကို ကြည့်နေပုံ
မနေ့က သမ္မတ ဦးသိန်းစိန် နေပြည်တော်လယ်ကွင်းထဲဆင်းပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လိုက်ကြည့်နေပုံ ဖြစ်ပါတယ်။ ဒီနေ့ အစိုးရသတင်းစာ ဖော်ပြချက်အရ အလျင်လို၊ ကျားကူး စတဲ့ ကျေးရွာတွေကို သွားရောက်ခဲ့ပါတယ် တဲ့။
ကျားကူးမှာ တရုတ်နိုင်ငံ စိုက်ပျိုးရေးပညာရှင်တွေကို သစ်သီးခြင်း လက်ဆောင်ပေးတယ်၊ တရုတ်ပညာရှင်တဦးက -
- နည်းပညာရပ်များနှင့် မျိုးစေ့ ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊
- စပ်မျိုးစပါး ၂၁ မျိုးကို ၁ဝ ဧက စံပြစိုက်ကွင်း အတွင်း စမ်းသပ် စိုက်ပျိုးထားရှိမှုနှင့် စမ်းသပ်တွေ့ရှိချက်များကို ရှင်းလင်းပြတယ်လို့ ဆိုပါတယ်။
အလျင်လိုရွာ လယ်သမားတွေနဲ့ တွေ့ဆုံရာမှာတော့ ဦးသိန်းစိန်က - မိမိတို့ဘဝ ဖွံ့ဖြိုး တိုးတက်အောင်၊
ချမ်းသာလာအောင် လုံ့လ၊ ဝီရိယ၊ စိတ်ဆန္ဒ အပြည့်ဖြင့် အလုပ်ကိုကြိုးစား လုပ်ကိုင်ကြပါ၊ လယ်သမားတွေ လုပ်နိုင်အောင်လည်း အစိုးရ ကူညီမယ်ဆိုပြီး ပြောလိုက်ပါတယ် တဲ့။
လယ်ကွင်းထဲရောက် သမ္မတကြီးပုံက ကိန်းကြီးခန်းကြီးနိုင်ပုံမရပါဘူး။
အချိန်ရမယ် ဆိုရင် နေပြည်တော် စံပြစိုက်ခင်းနားက လယ်သမားများနဲ့သာမကဘဲ တခြားနယ်တွေက လယ်သမားတွေရဲ့ အခြေအနေကိုလည်း သွားကြည့်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
www.irrawaddyblog.com/2012/04/blog-post_7263.html
0 comments:
Post a Comment