http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Apr 2012

ပိုမို ကျန်းမာရ လေအောင်


ပို၍ အသက်ရှည်ရလေအောင်ခေါင်းတစ် ခြမ်းကိုက် ဝေဒနာ ပျောက် ကင်း အောင် ယောဂ ကျင့်စဉ် ပြုလုပ် ပါ
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစား ရသူတွေဟာ ယောဂကျင့်စဉ်တစ်မျိုးမျိုး ကို ပုံမှန်သုံးလလောက် ပြုလုပ်တာကြောင့် ဝေဒနာခံစားရတာ နည်းပါးသွားတယ်လို့ ခေါင်းကိုက်ခြင်းနဲ့ ပတ်သက်တဲ့ဂျာနယ်မှာ ဖော်ပြထားပါတယ်။
သွားမှာ အညစ်အကြေးစွန်းတာမဖြစ်နိုင် အောင် ရေများများ သောက်ပါ
ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်အနီ ဒါမှမဟုတ် ကိုလာသောက်ပြီးပြီးချင်းမှာ ချက်ချင်းရေသောက်လိုက်တာကြောင့် သွားရဲ့ြွေကသွားလွှာမှာ အရောင်စွန်းခြင်း မရှိအောင် သိသိသာသာကာကွယ်နိုင် တယ်လို့ ကိုလံဘီယာ သွားဆေးတက္က သိုလ်မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဆေးလိပ်သောက်တာဟာ ကိုယ်ဝန်ပျက် ကျတာနဲ့ ဆက်စပ်မှုရှိပါတယ်
ကိုယ်ဝန်စောစောပိုင်းကာလတွေ မှာ ဆေးလိပ်အလွန်အကျွံသောက်တဲ့ အမျိုးသမီးတွေဟာ ဆေးလိပ်မသောက်သူ တွေထက် ကိုယ်ဝန်ပထမပိုင်း သုံးလမှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ နှစ်ဆပိုများတယ် လို့ သိရပါတယ်။
အရောင်စုံဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ် စားတာကြောင့် အာဟာရ ပိုမိုရရှိနိုင်
အပူပေးတာကြောင့် မုန်လာဥနီ၊ ခရမ်းချဉ်သီးနဲ့ ငရုတ်ပွသီးအနီတွေမှာ ပါဝင်တဲ့ ဘီတာကရိုတင်းနဲ့ လိုင်ကိုပင်း တွေ ပိုမိုထွက်ရှိလာတဲ့အပြင် ခန္ဓာကိုယ်မှ စုပ်ယူမှုအား ပိုကောင်းစေပါတယ်။ ဘီတာကရိုတင်းနဲ့ လိုင်ကိုပင်းဟာ မျက်စိ အမြင်အာရုံကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေပါ။
ဒေါက်တာ ခင်မိုးမိုး                                           http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif