http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Apr 2012

အောင်ရဲလင်းက ကိုယ့်ရဲ့လိုအပ်ချက်တွေ ကို ကြည့်ပြီး အမြဲသရုပ်ဆောင် ဟုဆို


အောင်ရဲလင်းက ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြည့်ပြီး အမြဲသရုပ်ဆောင် ဟုဆိုဒါရိုက်တာ ဟိန်းစိုး ရိုက်တဲ့ သူစေညွှန် ရာစေ ဇာတ်ကားကို အိန္ဒြာ ကျော်ဇင်၊ ခိုင်နှင်းဝေနဲ့ အောင်ရဲလင်းတို့နဲ့ ရိုက်ကူး နေတာကြောင့် ရိုက်ကူးရေးမှာ ပါဝင်တဲ့ အောင်ရဲလင်း နဲ့ မေးခဲ့သမျှ....
အောင်ရဲလင်းက ဒီကားထဲမှာ ဘယ်လို ကာရိုက်တာလဲ။
ကျွန်တော်က မအူဝဲက ပုံစံ ပြောင်းပေး လိုက်တာ မခိုင်နှင်းဝေ နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးပါ။
ရိုက်လာရတာနဲ့အမျှ သရုပ်ဆောင်မှု တွေရောတက်လာတယ်လို့ သုံး သပ်မိလား။
သရုပ်ဆောင် ပညာဆိုတာ ဘယ်တော့မှ လေ့လာသင်ယူလို့ မကုန်နိုင် တဲ့ ပညာတစ်ခုပါ။ ဘယ်လို ပြောရမလဲဆိုရင် လေ့လာလို့ မဆုံးတဲ့ ပညာရပ်တစ်ခုလို့ ပြောလို့ရပါတယ်။ အဲဒီအတွက်ကြောင့် ကိုယ့် အနေအထား ကိုကြည့်ပြီး ဘာတွေလိုသေးလဲ၊ ဘာ တွေပြင်ဆင် ရဦးမှာလဲ ကိုယ်ဘာတွေ ထပ်လုပ်နိုင်ဦးမလဲ ဆိုတာလေးကိုပဲ ကြည့်ပြီး သရုပ်ဆောင်ဖြစ်တာ များပါတယ်။
ဘယ်လိုကာရိုက်တာတွေ အရိုက်များ လာလဲ ကိုယ်လုပ်ချင်တဲ့ ကာရိုက်တာ ရော လုပ်ရရဲ့လား။
ကာရိုက်တာ ပိုင်းမှာ ဘယ်လို ပြောရမလဲ ကျွန်တော်တို့အားသန် တဲ့ ကာရိုက်တာရှိတယ်။ အားမသန် တဲ့ ကာရိုက်တာရှိတယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်တဲ့ ကာရိုက်တာ ကြီးကိုပဲ တစ်ချိန်လုံး လုပ်နေတယ်ဆိုရင် အဆင်ပြေမှာမဟုတ်ဘူး။ ကိုယ် မလုပ် တတ်တဲ့ အရာတစ်ခုကို လုပ်တယ်ဆို တစ်မျိုးပြောင်းသွားမှာပဲ။ အဲတော့ ကာရိုက်တာ ကတော့ ကိုယ်လုပ်တတ် သည်ဖြစ်စေ မလုပ်တတ်သည် ဖြစ်စေ ပုံစံပြောင်းအောင် အမြဲတမ်း ကြိုးစား ပါတယ်။
ကိုယ်နဲ့မကိုက်ညီတဲ့ အံမဝင်တဲ့ ကာ ရိုက်တာ တစ်ခုထဲဝင်အောင် ဘယ်လို ကြိုးစားလဲ။
အဓိကကတော့ ဒိုင်ယာ လော့ခ်ပေါ်မှာ ပါလာတဲ့ စကားလုံး ရယ် ကိုယ့်ရဲ့ကာရိုက်တာက ဒီထဲမှာ ဘယ်လိုပုံစံမျိုးလည်း ဆိုတာကို စိတ် ကလေးကို အမြဲတမ်း ထည့်ထားမယ် ဆိုရင်တော့ ဒီကာရိုက်တာကမိမှာပဲ။ ဒါပေမယ့်တစ်ခုရှိတာက ကိုယ်နဲ့ မကိုက်တဲ့ ကာရိုက်တာမျိုးဆိုရင်တော့ ရိုက်ပြီးသွားလို့ရှိရင် နောက်တစ်ခါ ဆင်ခြင်ဖို့လိုတာပေါ့။ အဲဒီလိုမျိုးတော့ အဂျက်စ်လုပ်ပါတယ်။
ဘယ်လိုကာရိုက်တာတွေ လက်ခံရိုက် ဖြစ်ပြီး ပရိသတ်အတွက် ချပြချင်တဲ့ အနုပညာက။
လက်ခံ ရိုက်တဲ့ အခါမျိုးမှာ တော့ မလုပ်တဲ့ကာရိုက်တာရယ်၊ ကိုယ်မရိုက်ဖူးသေးတဲ့ ဇာတ်ပေါ့ ဇာတ်ဆိုတာကတော့ ပရိသတ်လည်း အဆင် ပြေမယ်၊ ကိုယ်လည်း အဆင်ပြေမယ့် ဇာတ်၊ ကိုယ်မရိုက်ဘူး သေးတဲ့ ဇာတ်၊ အဲလို အဓိကထားရွေးချယ်ပါတယ်။ ကာရိုက်တာ ကတော့ အစုံလုပ်ပါတယ်။
ဟာသလည်း ရိုက်တယ်။ဖန်စီ၊ ရိုးမန့်စ်၊ ဒရာမာရိုက်တယ်။ အက်ရှင်တစ်မျိုး သာ နည်းနည်းလိုသေးတာ။ အက်ရှင် တော့ သိပ်မရိုက်ဖြစ်သေးဘူး။ နောက်ပိုင်းတော့ အက်ရှင်ကားတစ် ကား နှစ်ကားညှပ်ညှပ်ပြီး ရိုက်သွားမယ်။ကျွန်တော် တင်ပြချင်တဲ့ အနုပညာ က ပရိသတ်လည်း ကျေနပ်ရမယ် ကိုယ်တိုင်လည်း ကြိုက်မယ်ဆိုတဲ့ အနုပညာမျိုးပေါ့။ အဲဒါမျိုးကို အဓိကထားပြီးတော့ ဖျော်ဖြေချင်ပါ တယ်လို့ ပြောသွားခဲ့သလို ၂၀၁၂ မင်္ဂလာနှစ်သစ်မှာ ပရိသတ် များအား လုံး မြန်မာနိုင်ငံသူနိုင်ငံသားအား လုံး ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာခြင်း ဝမ်းသာခြင်း အဖြာဖြာ နဲ့ ဆန္ဒများပြည့်ဝကြပါစေလို့ ဆု တောင်းပေးသွားပါတယ်။ 
သက်သခင်ညိမ်း                                                   http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif