http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Apr 2012

ပါဖောမင့် အနုပညာသမားက ဗုဒ္ဓ ဘုန်းတော်ကြီး ဈာန်ကြွသည့် ပုံအဖြစ် လုပ်ဆောင်ပြခဲ့


ပါဖောမင့် အနုပညာသမားက ဗုဒ္ဓဘုန်းတော်ကြီး ဈာန်ကြွသည့် ပုံအဖြစ် လုပ်ဆောင်ပြခဲ့တရုတ် လူမျိုး ပါမောဖင့် အနုပညာ သမား လီဝေသည် ဗုဒ္ဓ ဘုန်းတော်ကြီး တစ်ပါး ကဲ့သို့ ဝတ်ဆင်ကာ ဈာန်ကြွသည့် အသွင် သရုပ်ပြ ခဲ့ကြောင်း သိရသည်။ သူသည် ဝိုင်ယာ ကြိုးများကို အသုံးပြုကာ လေထဲ၌ တွဲလောင်း ဆွဲပြီး ဓာတ်ပုံများကို ရိုက်ကူး ခဲ့သည်။
သူသည် ပျံသန်းနေသော ပုံစံမျိုးဖြစ်ပေါ်အောင် သူ၏ ဖိနပ်များ အောက်မှ နေ၍ အနီရောင်မီးခိုး များ ထွက်ပေါ် အောင်လည်း လုပ်ဆောင်ခဲ့သည်။ သူသည် ပြင်သစ် နိုင်ငံ ပါရီမြို့ လာဗဲလက် တေး အရပ်ရှိ လိုင်ယွန် ရေပန်း အထက်၌ ယင်းကဲ့သို့ လုပ်ဆောင် ပြခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံ ပေကျင်း မြို့တွင် မွေးဖွားခဲ့ သော လီဝေသည် ပါဖောမင့် အမျိုးမျိုးနှင့် ဓာတ်ပုံအမျိုးမျိုးကို ဖန်တီး ပြခဲ့ရာ သူပြ သခဲ့သည့် အရာများ ထဲ၌ အန္တရာယ်များ သော အရှိတရားကို ဖော်ထုတ် ပြခြင်းများ ပါဝင် သည်ဟု ဆိုသည်၊၊

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif