http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Apr 2012

အနုပညာပျိုးခင်းသစ်က တင်တဲ့ သုံးယောက် ကို ထိပ်ဆုံးရောက်မယ်လို့ အာမခံပြီး တင်တာ မရှိပါဘူး လူမင်းပြော


အနုပညာ ပျိုးခင်းသစ်က တင်တဲ့ သုံးယောက်ကို ထိပ်ဆုံးကို ရောက်မယ်လို့ အာမခံပြီး တင်တာ မရှိပါဘူး လူမင်းပြောဒါရိုက်တာ ကိုသားကြီး ရိုက်တဲ့ ကိုဘွား ဇာတ်ကားမှာ ပါဝင် ရိုက်ကူး နေတဲ့ သရုပ်ဆောင် အကယ်ဒမီ လူမင်းနဲ့ ဂျူနီယာ သရုပ်ဆောင်တွေ အပေါ် အမြင်နဲ့ အနု ပညာပျိုးခင်းက ပန်းသုံးပွင့် အကြောင်း မေးကြည့်ခဲ့ရာ-
အစ်ကို ရိုက်နေတဲ့ ကိုဘွားမှာ ဖွေးဖွေးနဲ့ ရိုက်နေတာဆို တချို့မီဒီယာ တွေ ပြောကြတယ်။ အငယ်ထဲက အလုပ်နိုင်ဆုံးပဲတဲ့။ အစ်ကိုနဲ့ သူ့ရဲ့ အနုပညာ အပေါ် ဘယ်လိုမြင်လဲ။
ကျွန်တော်က အခုမှ သူနဲ့ ရိုက်ဖူးတာ။ မနေ့က တစ်ရက် ပဲ ရိုက်ရ သေးတယ်။ အကဲခတ်လို့ မရသေးဘူး။ ဒါပေမယ့်သူ့မှာ ကိုယ်ပိုင်စတိုင်၊ အိုက်တင်လေး တွေ ရှိတာတော့ မရိုက်ခင် ကတည်းက သိပါတယ်။
အနုပညာ ပျိုးခင်းသစ်က အစ်ကိုတို့ တင်တဲ့သုံးယောက် ဘယ်သူက ထိပ်ဆုံး ရောက်မယ်လို့ ထင်လဲ။
ထိပ်ဆုံးကို ရောက်မယ် လို့တော့ အမခံပြီး တင်တာ မရှိပါဘူး။ သူ့တို့ ကြိုးစားမှုနဲ့ သူတို့ ကံ ဇာတာစန်းတွေကလည်း လိုသေး တယ်။ အစ်ကိုတို့ ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ပေး သွားမှာပါ။ သူတို့လေးတွေလည်း ကြိုးစားကြပါတယ်။
သင်ပေးတဲ့ အချိန်မှာလည်း ဘယ် သူကကြိုးစားမှုရှိလဲ၊ လက်ခံ ယူနိုင် ဆုံး ကရော ဘယ်သူတွေက လက် ခံသင်ယူနိုင်လဲ။
ကျွန်တော်သုံးယောက် လုံးနဲ့ရိုက်ကြည့်ပြီးပြီ။ တစ်ယောက် တစ်မျိုးစီပါပဲ။ကလေးတွေဆိုတော့ ကြိုးစားချင်စိတ်နဲ့ ရူးသွပ်ချင်စိတ် တော့ အားလုံးအတူတူပါပဲ။ တစ် ယောက်နဲ့တစ်ယောက် တစ်ကားနဲ့ တစ်ကား ကာရိုက်တာလေးတွေ မတူတော့ ဘယ်သူက ပိုပြီးတော့ Accept လုပ်နိုင်တယ်ဆိုတာ ခန့် မှန်းလို့မရသေးပါဘူး။
ဘယ်သူက အကြမ်းရလဲ ဘယ်သူက အချောရလဲ ဆိုတာ သိလား။
ဇာတ်ပေါ်မှာ မူတည်တာ ပေါ့နော်။ ကျွန်တော် အခုရိုက်တဲ့ ရေမှုံရတီဆိုရင် သူ့ကိုဦးစားပေးတဲ့ ဇာတမျိုးလေးရိုက်ကြည့်တာ သူနဲ့ တော်တော်လေးလိုက်တယ်။ အချစ်က ရှုပ်တယ် ဆိုပြီး ရိုက် ထားတာလေ။ အိချောပို ကျတော့လည်း သူ့လိုင်း နဲ့သူပဲ။ သူ့ကျတော့ နည်း နည်းလေးအငြိမ်ဘက် ရောက်လို့ ကျွန်တော်က ပြောင်းပြီး ရိုက်တာ ပေါ့နော်။ ပြီးခဲ့တဲ့ ဇာတ်ကားလေး မှာ သူ့ကိုဂျပန်က ပုံစံလုပ်ခိုင်းထားတယ်။ ပုံစံကွဲအောင် ပေါ့နော်။
သရုပ်ဆောင်လည်း လုပ်တယ်။ ဇာတ် လမ်းတွေရေး ဒါရိုက်တာ တွေလုပ်လာတဲ့ အစ် ကို့ရဲ့ အနုပညာ အပေါ်ဈာန်ဝင် စားမှုတွေက။
ကိုယ်ကသရုပ် ဆောင်ပဲ ဆိုပြီး ကျန်တာတွေကို မဆိုင်သလိုပဲ နေလို့မရဘူး။ ကျွန်တော်ပါရင် တစ်ကားလုံးကို ကောင်းစေချင်တယ်။ ကျွန်တော် တစ်ယောက်ပဲ ချွန်ပြီး ကောင်းတာ မျိုး မရှိစေချင်ဘူး အဲဒါကြောင့်ပါ။
ရုပ်ရှင်ဆင်ဆာ လွတ်လပ်ခွင့်တွေ ရလာတော့ ပရိသတ်ကို ဘယ်လို ပုံစံမျိုးတွေချပြချင်လဲ။
ဆင်ဆာ လွတ်လပ်ခွင့် ပေးလာတယ်ဆိုပေမယ့် ကိုယ့် တာဝန် ကိုယ်ယူကြရမှာပါပဲ။ လွှတ်ပေးမယ် ဆိုပေမယ့် စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာရိုက်ရင် အဲဒီ လူရဲ့ သမိုင်းပါပဲ။ ဆင်ဆာအဖွဲ့နဲ့ မဆိုင်ပါဘူး။ အဲဒီတော့ ကိုယ်လုပ် တဲ့ အလုပ်အပေါ် တာဝန်ယူရမှာ ပေါ့။
သင်္ကြန်အပေါ် ခံစားမှုနဲ့ သင်္ကြန် အစီအစဉ်လေး ပြောပါဦး။
သင်္ကြန်ဆိုတာနှစ် ဟောင်းက အညစ်အကြေးတွေကို ဆေးကြောတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဘုရင်တွေ လက်ထက်ကတည်း က ကျင်းပလာခဲ့တာ နှစ်တွေ ပြောင်းလာတော့ သင်္ကြန်ဆိုတာ လူတွေအားလုံး စိတ်လွတ် ကိုယ် လွတ်ပျော်ရွှင်ရတဲ့ပွဲအသွင်ပြောင်း လာတယ်။ အဲဒါလည်း တစ်နည်း အားဖြင့်ကောင်းပါတယ်။
တစ် နှစ်ပတ်လုံး တာဝန်တွေ ကိုယ်စီ နဲ့ မွန်းကျပ် နေတော့ ဒီလေး ငါးရက်မှာ အားလုံးမေ့ပြီး စိတ် လွတ်ကိုယ်လွတ် ပျော်လိုက်တာ ကောင်းပါတယ်။ ဒါမှ နှစ်သစ် အတွက် စိတ်ဓာတ် ခွန်အားတွေ ရနိုင်မှာပါ။
ကိုယ့်ပျော်ရွှင်မှုက သူတစ်ပါးကို မထိခိုက်ဖို့နဲ့ အန္တရာယ် ကင်းဖို့ အရေးကြီးဆုံးပါပဲလို့ ပြောသွားတဲ့ သရုပ်ဆောင် အကယ် ဒမီလူမင်းက နှစ်သစ်မှာ လွတ် လွတ်လပ်လပ် နဲ့ စိတ်အမောပြေပြီး ပျော်နိုင်ကြပါစေလို့ ကိုယ့်ရဲ့ ပျော် ရွှင်မှုက တစ်ပါးသူ မထိခိုက်ပါ စေနဲ့ ဘေးကင်းကြပါစေလို့ ဆု တောင်းပေးပါတယ်လို့ ဆုတောင်း ပေးခဲ့ပါတယ်။     http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif