http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Apr 2012

အမျိုးသားများ ထိပ်ပြောင် ခြင်းနှင့် ပတ်သက် ၍ ဇီဝ ဗေဒ ဆိုင်ရာ အခြေခံ အချက်ကို တွေ့ရှိ


အမျိုးသား ထိပ်ပြောင်ခြင်းအမေရိကန် ပြည်ထောင်စု ပင်ဆယ် ဗေးနီးယား တက္ကသိုလ် မှ သုတေသန ပညာရှင် များသည် အမျိုးသားများ ထိပ်ပြောင်ခြင်းနှင့် ပတ်သက်သည့် ဇီဝဗေဒဆိုင်ရာ အခြေခံသဲလွန်စကို ရှာဖွေတွေ့ရှိခဲ့ရာ ထိပ်ပြောင်ခြင်းကိုကုသရန်အတွက် ကုထုံးအသစ်ထွက်ပေါ်လာနိုင် ဖွယ်ရှိကြောင်းသိရသည်။ ထိပ်ပြောင်နေသော အမျိုးသားများနှင့် ဓာတ်ခွဲခန်းအတွင်းမှ ကြွက်များကို လေ့လာချက်အရ အမွေးကျွတ်ခြင်း ကို လှုံ့ဆော်ဖြစ်ပေါ်စေသော ပရိုတင်းတစ်မျိုးကို တွေ့ရှိခဲ့ရာ ယင်း မှာ Prostaglandin D ဖြစ်သည်ဟုဆိုသည်။
သုတေသနပညာရှင် များသည် ထိပ်ပြောင်နေသော နေရာရှိ အမွေးအိတ် ဆဲလ်များအတွင်း Prostaglandin D Synthase အင်ဇိုင်းများ များပြားနေသည်ကို တွေ့ရှိရသည်။ Prostaglandin D ပရိုတင်း ပါဝင်မှုမြင့်မားသောြွကက်များတွင် လုံးဝအမွေးပြောင်သွားသည်ကို တွေ့ရှိရကြောင်းဆိုသည်။
လူများတွင်လည်း အစားထိုးကုသသော ဆံပင်မွေး များသည် ယင်းပရိုတင်းပေးလိုက်သည့်အခါ ကြီးထွားမှုရပ်ဆိုင်းသွားကြောင်းသိရသည်။ နောက်တစ်ဆင့်အနေဖြင့် ယင်းပရိုတင်း များထွက်ရှိအောင် လှုံ့ဆော်ပေးသည့် နေရာများကို ရှာဖွေရန်ဖြစ်ပြီး ယင်းကို ပိတ်ဆို့နိုင်ခဲ့ပါက ထိပ်ပြောင်ခြင်းကို ကာကွယ်မှု သို့မဟုတ် ကုသမှုပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။                          http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif