http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Apr 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုတိယ အကြိမ် ရွေးကောက်ပွဲ နိုင်

ဧပြီလ ၁ ရက်နေ့  က ကျင်းပခဲ့ သည့် ကြားဖြတ် ရွေးကောက် ပွဲ တွင် အမျိုးသား ဒီမို ကရေစီ
အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်သည် သူမ ၀င်ရောက် ယှဉ်ပြိုင်သည့်  ရန်ကုန် တိုင်း
ကော့မှုး မြို့  နယ် ၀ါးသိင်္ခ ကျေး ရွာ မှ ပြည့်သူ လွှတ်တော် ကိုယ်စား လှယ်အတွက် အနိုင် ရရှိ
သွား သည် ဟု NLD ပြန်ကြား ရေးဌာန က သတင်း ထုတ်  ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှုး မြို့  နယ် တွင် မဲပေး သူ ပြည်သူ ၈၀ ရာ ခိုင်နှုန်းကျော်
၏ ဆန္ဒ မဲ ကို ရရှိ ခဲ့ ခြင်း ဖြစ်သည်။
မြောင်းမြ မြို့  နယ် တွင် မူ အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ကို ကိုယ်စား ပြု ပြီး ၀င်ရောက် ယှဉ်
ပြိုင်သူ ဦးမန်းဂျော်နီ သည် ဆန္ဒမဲ ၉၀ ရာခိုင်နှုန်း ခန့် ထိ ရရှိ ခဲ့ သည် ဟု မြောင်းမြိ မြို့  နယ် မှ
NLD ပါတီ ၀င် တစ်ဦး က FNG သို့  ပြောသည်။
မြောင်းမြ မြို့ နယ် သည် ရွေကောက်ပွဲ အကြိုကာလ ကတည်း က ကြံ့ဖွတ် နှင့် ကျေးရွာ ကော်မ
ရှင် များ ၏ ကြိုတင် မဲ ပေး များ ရှိ ခဲ့ သည် ဟု သိရသည်။
နေပြည် တော် တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို ကိုယ်စား ပြု ပြီး ၀င်ရောက် ယှဉ်ပြိုင်သူ
လေးဦး စလုံး အနိုင် ရရှိ သည် ဟု ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ကိုယ်စားလှယ် အဖြစ်
တာဝန်ထမ်းဆောင် နေသူ ဒေါက်တာ မြတ်ဥာဏစိုးက FNG သို့  ပြောသည်။
မန္တလေး တွင် ဦးအုံးကြိုင် နှင့် မတ္ထီလာ တွင် ဦးဝင်း ထိန် တို့ လည်း အနိုင် ရရှိသည်။
မရမ်းကုန်း မြို့ နယ် တွင် ဒေါ်မေ၀င်းမြင့် အနိုင်ရရှိ ပြီး အဆို ပါ မဲဆန္ဒနယ် တွင် နေ ထိုင် သည့် ၀န်
ကြီးချုပ် ဟောင်း ဗိုလ်ချုပ် ကြီး ခင်ညွန့်  တို့  မိသားစု က ဒေါ်မေ၀င်းမြင့် ကို မဲ ထည့် ခဲ့ သည် ဟု
ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ရွေးကောက် ပွဲ အောင် နိုင်မှု ကို မန္တလေး မြို့  ရှိ ဒေသခံ လူငယ်
လူကြီးများ ကလည်း  ညလုံးပေါက် ထောက်ခံ အားပေး ရာ မန္တလေး ၇၃လမ်း ၂၇လမ်းနှင့် ၂၈လမ်း ကြားရှိ
ပြည်ခိုင်ဖြိုးရုံးရှေ့တွင် လမ်းများပိတ်ထားသည်။
ဧပြီ လ ၂ ရက်နေ့  နံနက် ၂ နာရီ ကျော် အချိန် တွင် အောင်ပွဲခံ သူများ လူစု ခွဲပြီး နောက် အိမ်ပြန်ကြ
သည်။ ညလုံးပေါက် ဖွင့် သည့် ဆိုင်များ ကို ရဲတပ် ဖွဲ့  က လိုက်လံ ပိတ်သိမ်း ခိုင်းပြီး အချို့  နေရာ များ
တွင် လုံထိမ်း နှင့် ရဲကား များ စောင့်ဆိုင်း နေကြသည်။ ညနက် ပိုင်း က မန္တလေးသူ ၊ မန္တလေး သား
များ မှာ  မီးရှုးမီးပန်းများ ဖောက်လွှတ် ခဲ့ ကြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၀င်ရောက် ယှဉ်ပြိုင်သည့် ၄၄ နေရာ အနက် ၄၃ နေ ရာ အနိုင်ရပြီး
ဖြစ်ကာ  ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး မဲဆန္ဒနယ် တွင်  ကျားဖြူ နှင့် NLD မဲအရေအတွက်
မှာ ကွာခြာမှု သိပ် မရှိ လှဘဲ ယ နေ့  ညနေ သို့  မဟုတ် မနက်ဖြန် နံနက် တွင် မှ အနိုင် အရှုံး ကို သိ
ရမည် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် သည် ၁၉၉၀ ရွေးကောက် ပွဲ နိုင်ငံ နှင့် အ၀ှမ်း အနိုင် ရရှိ ခဲ့ ပြီးယခု
ဒုတိယ အကြိမ်မြောက် ဖြစ်သည်။
ယမန် နေ့  ကျင်းပသည့် ရွေးကောက်ပွဲ တွင် မဲပြားများ ကို ဖယောင်းခြစ်ထားခြင်း ၊ ခြိမ်းခြောက်
ခြင်း စသည့် မသမာ မှု များ ရှိ ခဲ့ သည် ဟု လည်း ဆန္ဒမဲ ပေး ခဲ့ သူများ မှ တစ်ဆင့် သိရသည်။           http://freedomnewsgroup.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif