ယမန်နေ့ ဧပြီလ ၁ရက်၊ အမေရိကန်စံတော်ချိန်မှာ အမေရိကန်ပြည်ထောင်စုတ၀ှမ်းရှိ မြန်မာမိသားစုများက မြန်မာပြည် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ အမတ် ၄၃ နေရာမှာ အနိုင်ရရှိနေတဲ့ သတင်းအတွက် ၀မ်းသာဂုဏ်ယူတဲ့ အထိမ်းအမှတ်များ စုဝေးဂုဏ်ယူမှုများ ပြုလုပ်ကြတယ်လို့ ကြားသိရပါတယ်။
မြန်မာအများစု ရောက်ရှိနေထိုင်တဲ့ မြို့ကြီး မြို့ငယ်တိုင်းမှာ မြန်မာမိသားစုတွေက နေအိမ်တွေမှာ စုဝေးဂုဏ်ပြုကြတဲ့ အထိမ်းအမှတ်တွေ ပြုလုပ်ကြသလို အချင်းချင်း ဖုံးဆက်စကားပြောခြင်း၊ မြန်မာပြည်သို့ ဖုံးဆက်ခြင်းတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ အချို့ကတော့ ဆန်းဒေးဘုရားရှိခိုးကျောင်း ဆုတောင်းပွဲတွေမှာ အမှတ်တရ ၀မ်းမြောက်ကြောင်းစကားတွေ ပြောကြားကြတယ်လို့ ဆိုပါတယ်။
မြန်မာအနည်းငယ်စုဝေးနေထိုင်တဲ့ မီချီဂန်ပြည်နယ်၊ လန်ဇင်းမြို့က မြန်မာနိုင်ငံသားတွေကိုယ်တိုင် စုဝေးကြပြီး အန်အယ်ဒီရွေးကောက်ပွဲအနိုင်ရခြင်း ဂုဏ်ပြုအခမ်းအနားကျင်းပကြတယ်လို့ အဲသည်က ကဗျာဆရာ အောင်ဝေးက မိုးမခကို ပြောကြားပါတယ်။ သူတို့အမှတ်တရ စုဝေးရိုက်ထားတဲ့ ဓာတ်ပုံလေးကိုလည်း မိုးမခထံ ပေးပို့လိုက်ပါတယ်။
နယူးယောက်ပြည်နယ်က ကျောင်းသားမြန်မာလူငယ်တဦးကတော့
“ဧပြီဖူးလ် မဟုတ်တဲ့ ဧပြီလ ၁ရက်နေ့ ဖြစ်ပါစေ” လို့ ဆုတောင်းစကား ပြုပါတယ်လို့ ပြောကြားပါတယ်။ http://moemaka.blogspot.com
0 comments:
Post a Comment