ဒီနေ့ခေတ် အနောက်နိုင်ငံ တွေရဲ့ ဆေးပညာ ဖွံ့ဖြိုး တိုးတက်မှု ဟာ လူတွေရဲ့ အသက်နဲ့ ခန္ဓာကို အကောင်းဆုံး ကူညီ ပေးနေတယ် ဆိုရင် မမှားပါဘူး။ နောက်တစ်ခုက ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေဟာ သူတို့ နိုင်ငံ သားတွေရဲ့ ဘဝကိုတန်ဖိုးထား ဂရု စိုက်တတ်ကြပါတယ်။
အခုပုံမှာတွေ့ရ တဲ့ ဗာဂျီးနီးယား ပြည်နယ်သား ရစ်ချက် လီနော်ရစ် (၃၇)နှစ်ဟာ သူ့မျက်နှာ ကို ၁၉၉၇ ခုနှစ်က သေနတ်နဲ့ မတော် တဆ ပစ်မိခဲ့တာကြောင့် နှာခေါင်း၊ နှုတ်ခမ်းနဲ့ပါးစပ်ရဲ့လှုပ်ရှား မှုအားလုံး နီးပါး ပျက်စီး ဆုံးရှုံးခဲ့ရသူ တစ်ဦးပါ။
မျက်နှာပြင်တစ်ခုလုံး ဆိုးဆိုးရွားရွား စုပ်ပြတ်ပျက်စီးသွားလို့ သူ့မှာ လူကြား သူကြားထဲမှာ တွန့်ဆုတ်သွားပြီး ည ဘက်တစ်ကြိမ်ပဲအပြင်ထွက်ရင်တောင် မျက်နှာဖုံးစွပ် သွားလာခဲ့ပါတယ်။ မျက်နှာပြန်လည် တည်ဆောက်တဲ့ ခွဲစိတ်မှုအကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် အခုနောက်ဆုံးခွဲစိတ်မှုလောက် အောင် မြင်မှုမရခဲ့ပါဘူး။ပြီးခဲ့တဲ့ သီတင်း ပတ်က အမည်မဖော်လိုသူ အလှူရှင် ရဲ့ မျက်နှာကို အသုံးပြုပြီး University Of Maryland Medical Centre မှာ ၃၆ နာရီကြာ ခွဲစိတ်မှုပြုလုပ်ခဲ့ ပြီးမှပဲ မျက်နှာအသစ်၊ သွား၊ လျာ၊ မေးရိုးအစရှိတဲ့ မျက်နှာအစိတ်အပိုင်း အားလုံးကိုတပ်ဆင်ပေးနိုင်ခဲ့တာကြောင့် မစ္စတာနော်ရစ်တစ်ယောက် ဘဝသစ် ပြန်စနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပမာဏအကြီးမားဆုံး မျက်နှာအစား ထိုး ခွဲစိတ်မှု၊ ကမ္ဘာ့ပြည့်စုံမှုအရှိဆုံး မျက်နှာအစားထိုးခွဲစိတ်မှုတစ်ခုလို့ ဆရာဝန်တွေက ကင်ပွန်းတပ်ခဲ့ပြီး မစ္စ တာနော်ရစ် ဟာ အခုဆိုရင် သွားတိုက်၊ မုတ် ဆိတ်မွေးညင်းတွေ ရိတ်နိုင်ပြီး ဖြစ်သလို ခွဲစိတ်ပြီး (၆)ရက်အကြာမှာ တော့ လျှာလှုပ်ရှားမှုနဲ့ မျက်လုံးအဖွင့် အပိတ်ကို ပြုလုပ်နိုင်ခဲ့တယ်လို့ သိရ ပါတယ်။ဒီခွဲစိတ်မှုကို ဒေါက်တာ ရို ဒရီဂွတ်ဇ် ဦးဆောင်တဲ့ ဆရာဝန်၊ သိပ္ပံ ပညာရှင်၊ တခြားပလက်စတစ်ဆာဂျင် နဲ့ မျက်နှာဗေဒပညာရှင် စုစုပေါင်း (၁၀ဝ)က ပြုလုပ်ခဲ့တာ ဖြစ်ပြီး သူတို့ မျှော်မှန်း ထားတာထက် လျင်လျင်မြန်မြန် တိုးတက် ကောင်းမွန် လာပြီဟု ပြော ကြား ခဲ့ကြပါတယ်။
နောက်အံ့ဩစရာ ကောင်းတာ တစ်ခုက အဲဒီခွဲစိတ်မှု ပြု လုပ်ဖို့ Department of Defense's Office Of naval Research ရဲ့ ရန်ပုံ ငွေထောက်ပံ့မှုနဲ့ (၁၀)နှစ်ကြာ သုတေ သန ပြုလုပ်ခဲ့တာပါပဲ။ ဒါဟာ လူတစ် ယောက်ရဲ့ဘဝကို သူတို့ဘယ်လောက် ထိ တန်ဖိုးထားဂရုစိုက်ကြတယ်ဆိုတာ ပြသလိုက်တာပဲ မဟုတ်ပါလား။ http://www.yoyarlay.com/
0 comments:
Post a Comment