အသား မစားတဲ့ ကျား၊ အသား မစားတဲ့ ငါးမန်း၊ ဒီကမ္ဘာ လော ကထဲ ရှိတယ် ဆိုရင် ဘယ်သူ့မှ ယုံရဲ ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မယုံ မရှိ လိုက်ကြပါနဲ့။ အခုပုံမှာ တွေ့ရမယ့် (၆)ပေအရှည်ရှိ ဖလော့ရင့်စ် အမည်ရ သူနာပြု ငါးမန်းမလေး (narse shark) ကတော့ အသားဆို ဘယ်အသားမှ မစား၊ သက်သက်လွတ် ဟင်းသီး ဟင်းရွက်ပဲစားတဲ့ ကမ္ဘာ့ပထမဆုံး ငါးမန်း ဖြစ်လာခဲ့ပါပြီ။အစတုန်းက တော့ သူဟာ အသားစားတိရစ္ဆာန် တစ်ကောင်ပါ။ ဒါပေမယ့် ၂၀ဝ၉ခုနှစ် က မေးရိုးထဲကပ်ငြိဝင်ရောက်နေတဲ့ သံငါးမျှားချိတ်တစ်ခုကို ဖယ်ရှား လိုက်ပြီး နောက်ပိုင်းမှာ ပုံမှန်စားနေ ကျ အသားတွေကို လုံးဝမစားတော့ တာဖြစ်ပါတယ်။ အဲဒါကြောင့် လို အပ်တဲ့ ပရိုတိန်းဓာတ်ရရှိစေဖို့ ဟင်း သီးဟင်းရွက် အချောင်းတွေထဲမှာ ငါးအသားဖတ်တွေဝှက်ပြီး ကျွေးနေရ ပါတယ်။
သူ့ကို ထိန်းသိမ်းစောင့် ရှောက်နေတဲ့ ဂရေဟမ်ဘာရိုးစ်က “သူအကြိုက်ဆုံးကတော့ သခွား သီးနဲ့ ဆလပ်ရွက်တွေပါပဲ။ ဒါပေမယ့် ပရိုတိန်းဓာတ် မချို့တဲ့အောင်လို့ အရွက်တွေကြားထဲမှာ အသား၊ ငါး ဖတ်တွေညှပ်ပြီး ကျွေးနေရပါတယ်” လို့ ဖွင့်ဟခဲ့တာပါ။ သူနာပြု ငါးမန်း တွေဟာ ရေညှိတွေပေါများတဲ့ နေရာ မှာ ကျက်စားလေ့ရှိတာကြောင့် ဖလော့ရင့်စ်အနေနဲ့ အသီးအရွက်ပဲ စားတာ မဆန်းဘူးလို့ တချို့ကပြော နေကြလေရဲ့။
www.yoyarlay.com/index.php/entertainment/entertainment/discovery/26530-2012-05-28-08-44-41






Kuala Lumpur Time
0 comments:
Post a Comment