ကျွန်တော်များ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အပေါ်ဘလောက်၊ ဗိုလ်ဆွန်ပက်လမ်း၊ ၃၁လမ်း၊ ၃၂လမ်းများ အတွက် ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထိပ်တွင်၊ အဝီစိတွင်းမှ သုံးရေ ဖြန့်ဖြူး ပေးဝေခဲ့ပါတယ်...။ ယခုလို နွေရာသီ ရေလိုအပ်ချိန်တွင်၊ ကျွန်တော်တို့ မြို့လယ်ခေါင်မှ ရပ်ကွက်နေ ပြည်သူများအား အဝီစိတွင်းမှ သုံးရေ ယခင်ပုံမှန် ဖြန့်ဖြူးပေးသော အချိုးထက်ထက်ဝက်ခန့်သာ လျော့ဖြန့်ဝေရန် မြို့နယ်စည်ပင် ရေသန့် တာဝန်ခံမှ ရေစက်မောင်းကို အမိန့်ပေးထားသဖြင့် နဂိုကပင် ရေဖြန့်ဖြူးခြင်းကို လုပ်စားနေသော ရေစက် မောင်းဖို့ ပွဲတော်ကြီး ဖြစ်နေပါသည်။ ယခင် တိုက်ခန်းများထက် ယခုအခါ ဒီပီစံနစ်အရ အဆောက်အဉီး အသစ်များကြောင့်၊ မိမိတို့ ရပ်ကွက်တွင် လူနေထူထပ်ပြီး နေထိုင်သူဦးရေ ပိုမိုများပြား လာသော်လည်း ပုံမှန်ဖြန့်ဝေနေသော ရေအား လျော့ချ ဖြန့်ဝေလိုက်ခြင်းကြောင့် ရပ်ကွက်တွင်း နေထိုင်သူများမှာ ရေမလုံလောက်ခြင်း ဒုက္ခ ကြုံတွေ့နေရပါသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက် ရေရရှိရေး ကော်မတီမှလည်း ရေတွင်းတူးစဉ်က အလှူခံရရှိ၍ အားကျိုးမာန်တက် ဆောင်ရွက်ခဲ့ကြသော်လည်း၊ ယခုအခါ ရပိုင်ခွင့် အကျိုးအမြတ် မရရှိသောအခါ မည်သည့် လှုပ်ရှားမှုမှ မရှိတော့ပါ။ ရန်ကုန်မြို့လယ်ခေါင်မှာ ရေကြည်ချမ်းမြေ့ သောက်၊ သုံးရဖို့အတွက် ကြုံတွေ့နေရသည့် ကျွန်တော်တို့ ရပ်ကွက်နေ ပြည်သူများ၏ ရေဒုက္ခကို ကယ်တင်သောအားဖြင့် သက်ဆိုင်ရာမှ အလျင်အမြန် စီစဉ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်..။
ရန်ကုန်မြို့လယ်ခေါင်မှ ရေအခက်အခဲဖြစ်နေသည့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ..
www.demowaiyan.org






Kuala Lumpur Time
0 comments:
Post a Comment