http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 May 2012

မ သ မာ သည့် ပ ညာရေး ၀န် ထမ်း များ အား ထိရောက် စွာ အရေး ယူ မည်

မသမာသည့် ပညာရေး ၀န်ထမ်းများအား အချိန်မဆိုင်း ထိရောက်စွာ အရေးယူသွားမည်ယခုနှစ် ကျောင်းဖွင့်ချိန်တွင် တရားမ၀င် ငွေကြေး ကောက်ခံခြင်း၊ ကျောင်းဝင်ကြေးများ ပိုမို ကောက်ခံခြင်း အစရှိသည် တို့ကို ပြုလုပ်သည့် ပညာရေး ၀န်ထမ်းများအား ထိရောက်စွာ အရေးယူ သွားမည်ဟု ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပြောသည်။
မေလ(၂၇)ရက်နေ့က အဆင့်မြင့် ပညာ ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်သော အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံပွဲ အပြီးတွင် စာနယ်ဇင်းများ၏ မေးမြန်းမှုကို ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"ယူတဲ့သူ အရေးယူမယ်။ တစ်ခါတည်း ပြောထားပြီးသား။ နယ်အဝေးကို ပို့မယ်၊ ဖြုတ်သင့်ရင် ဖြုတ်မယ်။ ဆင်းရဲ နွမ်းပါးမှု လျော့ကျရေး လုပ်နေတဲ့ အချိန်မှာ ဒါမျိုး ယူရင် အရေးယူမယ်။ ညွှန်ချုပ် တွေကိုလဲ ပြောပြီးသား။ တိုင်း ပညာရေးမှူးတွေ၊ မြို့နယ် ပညာရေးမှူးတွေ၊ ကျောင်းအုပ်ကြီး တွေကိုလဲ ပြောပြီးသား။ ဒါမျိုး လုပ်တာတွေကို ကျွန်တော့် ဆီကို တိုက်ရိုက် တိုင်နိုင်တယ်။ တိတိ ကျကျ သိရင် တိုင်ပါ" ဟု ပြည်ထောင်စု ၀န်ကြီးက ပြောသည်။
ဝန်ကြီးထံသို့ တိုင်စာများ ရောက်ရှိသည့် အနက် အချက် အလက် မမှန်ကန်သည့် ပစ်စာများလည်း ပါဝင်နေကြောင်း၊ ထိုသို့သော ပစ်စာများမှာမူ ပုဂ္ဂိုလ်ရေး ဆိုင်ရာ မကြေနပ်မှု များကြောင့် ဖြစ်နိုင်ပြီး ခိုင်လုံ တိကျသည့် အချက်အလက်များ ပါဝင်မှု မရှိသဖြင့် အရေးယူရန် မဖြစ်နိုင်ကြောင်း ပြည်ထောင်စု ၀န်ကြီးက ထပ်လောင်း ပြောကြားသည်။
"အထောက် အထား ခိုင်လုံရင် စာနဲ့သာ တိုင်ပါ။ စာတွေက ကျွန်တော့်ဆီ ရောက်ပါတယ်။ လက်ရှိကို အရေးယူ နေတာတွေလဲ ရှိပါတယ်။ ဟုတ်တာ ဆိုရင်၊ စစ်ဆေးလို့ ပေါ်ရင်တော့ ကျွန်တော်တို့က အရေးယူမှာပဲ။ ကျွန်တော်တို့ အချိန်မဆိုင်း အရေးယူမယ်။ ကျူးလွန်တဲ့ အပြစ်ပေါ် မူတည်ပြီးတော့ လိုအပ်သလို အရေးယူမယ်"ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြအေးက ပြောပါသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif