http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 May 2012

ဟက် ကာ များ က လူ့ အ ခွင့် အေ ရး အ ဖွဲ့များ ၏ ဝက်ဘ် ဆိုက် များ ကို တိုက် ခိုက်

ဟက်ကာများက လူ့အခွင့်အရေး အဖွဲ့များ၏ ဝက်ဘ်ဆိုက် များကို တိုက်ခိုက်လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ် အတွင်း၌ ဟက်ကာ များသည် လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့၊ အပြည်ပြည် ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့နှင့် အကြမ်းဖက် ဝါဒ၏ လုပ်ရပ်များကို သုတေသန ပြုနေသည့် အစ္စရေး အခြေစိုက် အစိုးရ မဟုတ်သည့် အဖွဲ့များ အပါအဝင် နိုင်ငံခြားရေး ပေါ်လစီ နှင့် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ များစွာ တို့၏ ဝက်ဘ်ဆိုက် များကို တိုက်ခိုက် ခဲ့ကြောင်း သိရှိ ရသည်။
လုံခြုံရေး အားကောင်းသည့် Adobe Flash ထဲမှ ဆော့ဖ်ဝဲနှင့် ဂျာ ဗားဆော့ဖ်ဝဲ တစ်ခုတို့ကို အသုံးပြု သည့် ဝက်ဘ်ဆိုက်များကို တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။ မကြာမီက လွှင့်တင်ခဲ့သည့် အဆိုပါလုံခြုံရေး ဆော့ဖ်ဝဲလ် များကို ဟက်ကာများက ချက်ချင်းတုံ့ပြန်တိုက်ခိုက်နိုင် ခြင်းကို ပြသခဲ့ခြင်းဖြစ်သည်။ user များထဲမှတစ်ဆင့် ပရိုဂရမ်မာများ နှင့် လုံခြုံရေး ဂယ်ပေါလ်တို့ကြား ဝင်ရောက်ပြီး လျင်မြန်စွာ တိုက် ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
ဟောင်ကောင် လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့၊ ဝါရှင်တန်မှ ကာကွယ်ရေး သတင်းအချက် အလက်ဗဟိုဌာနတို့၏ ဝက်ဘ် ဆိုက်များကို တိုက်ခိုက်ရာတွင် Adobe Flash ၏ လစ်ဟာမှုမှ တိုက် ခိုက်ခဲ့ကြောင်း သုတေသီများကဆို သည်။ ဟက်ကာများသည် အဆိုပါ ဝက်ဘ်ဆိုက်များကို malware ဖြန့် ဖြူးခြင်းနည်းလမ်းဖြင့် တိုက်ခိုက် ခြင်းမပြုဘဲ ၄င်းတို့၏ ချိတ်ဆက် နိုင်စွမ်းကို မှင့်တင်တိုးချဲ့ပြီး ဒေတာ များကို ခိုးယူရန် ရည်ရွယ်ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။ 
www.yoyarlay.com/index.php/science-tech/science-tech/internet/26643-2012-05-30-11-03-27

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif