http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 May 2012

လော က ကြီး မှာ ဖြစ် ပျက် နေ တာေ တွ အ ကုန် လုံး ရိုက် လို့ ရ တယ် နို င်းနို င်း

လောကကြီးမှာ ဖြစ်ပျက် နေတာတွေ အကုန်လုံး ရိုက်လို့ရတယ် နိုင်းနိုင်းပရိသတ် အားပေးမှု ကနေ ရရှိလာတဲ့ အင်အားတွေ၊ ခွန်အား တွေကြောင့် အနုပညာ အလုပ်တွေ မနားတမ်း လုပ်နေသူ တစ်ယောက် ကတော့ နိုင်းနိုင်း ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုမျိုးထူး ရိုက်ကူးတဲ့ ဇာတ်ကား ရိုက်ကွင်းမှာ တွေ့ဆုံခိုက် မှာတော့ .....
ဆင်ဆာ မူဝါဒသာ လျှော့ပေါ့ လာမယ် ဆိုရင် ဇာတ်လမ်းပေါင်း များစွာ ရိုက်လို့ ရတယ်လို့ ယူဆလို့ရမလား။
ကျွန်တော်တို့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ဖျော်ဖြေရေးတွေ ဖန်တီးတဲ့ နေရာမှာ ပိုပြီးတော့ လွတ်လပ်လာတယ်။ ဖန်တီးဖို့ အခွင့်အရေး ရရှိလာတဲ့အတွက် ဇာတ်လမ်း ပေါင်း မြောက်များစွာ ရိုက်လို့ရပါတယ်။ ဒါပေမယ့် ဆင်ဆာမဲ့တော့ မဟုတ်ဘူး ပေါ့နော်။ နေရာတိုင်းမှာ ဆင် ဆာလွှတ်တယ်ဆိုတာမှန်တယ်။ သိပ်ပရမ်း ပတာ လုပ်လို့တော့မဖြစ် ဘူးပေါ့နော်။ ရုပ်ရှင်ကတော့ရုပ်ရှင်ပဲ၊ တကယ် အပြင်မှာ ဖြစ်နေတဲ့ ဖျော်ဖြေရေး သပ်သပ် ဖြစ်တဲ့အတွက် ဖျော်ဖြေရေး ဟုတ်တာလည်း ပါမယ်။ မဟုတ်တာလည်း ပါမယ်။ လောကကြီး မှာ ဖြစ်ပျက်နေတဲ့ ဟာတွေ အကုန်လုံး ရိုက်လို့ရတယ်။
အသက်အရွယ် အနေအထား တစ်ခုကြောင့် (သို့) ဈေးကွက် အနေ အထားကြောင့် ပရိသတ်တွေ စိတ်ဝင်စားမယ် ထင်လို့ ဒရာမာ တွေ အရိုက်များ တာလား။
ကျွန်တော်ကလည်း ဒရာမာကားတွေ ရိုက်ချင်လို့ ရိုက်ဖြစ်တယ်။ အသက်အရွယ် ကတော့ ဘယ်သူမဆို တဖြည်းဖြည်းတော့ ကြီးလာကြမှာပဲ။ အခုဟာက Producer တွေ၊ ဒါရိုက်တာတွေ ညှိနှိုင်းပြီး တော့ရိုက်တာပါ။ ပရိသတ် ကလည်း ဒရာမာ ကားလေးတွေ မကြည့် ရတာ ကြာပြီမို့ ရိုက်ဖြစ်တာပါ။ “မော်ကင်းဥဒါန်း” ဇာတ်ကား ပရက်ရှိုးမှာ မတက်ဖြစ်ဘူးနော်။ ဟုတ်တယ်။ နေမကောင်း ဖြစ်နေလို့ မတက်ဖြစ်တာပါ။ ရုံတင် မှပဲသွားကြည့်ဖြစ်မယ် ထင်တယ်။ 
ထွန်းထွန်းဝင်း(ပုပ္ပါး) 
www.yoyarlay.com/index.php/entertainment/entertainment/art/26669-2012-05-31-08-31-20

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif