ဒီအိမ်ကို ရုတ်တရက် ကြည့်လိုက်ရင် ဧရာမ လေဆင် နှာမောင်း တစ်လုံးရဲ့ လက်ချက်ကြောင့် သစ်ပင် တစ်ပင် အမြစ်ကနေ ပြုတ်ထွက်သွား သလို အောက်ခြေ လွတ်သွားပြီး အထက်အောက် ပြောင်းပြန် ဇောက်ထိုး မိုးမျှော် ဖြစ်သွားတာနဲ့ တူနေပါတယ်။ဒါပေမယ့် အဲဒီလိုမဟုတ်ပါဘူး။ ဗိသုကာပညာရှင် အီရက်စ် ဂလိုဝက်ကီ နဲ့ မာရက်ရိုဇန်စကီတို့က ဩစတြေး လျနိုင်ငံရဲ့ စွဲဆောင်မှုအရှိဆုံးနေရာ တစ်ခု ဖြစ်စေဖို့ ဒီအိမ်ကို ထူးထူးခြား ခြားဆောက်လုပ်ခဲ့ကြတာပါ။
အိမ်ရဲ့ အပြင်ပန်းကို အပြင်အဆင်မျိုးစုံနဲ့ တန် ဆာဆင်ထားသလို အိမ် အတွင်း ပိုင်းက အသုံးအဆောင် ပစ္စည်း တွေကိုလည်း အိမ်ပုံစံနဲ့ လိုက်ဖက်မှု ရှိအောင် ထက်အောက် ပြောင်းပြန် တပ်ဆင်ထားပါ တယ်။
ဧည့်ခန်း အသုံးအဆောင် ပစ္စည်း တွေဖြစ်တဲ့ တီဗီစားပွဲ၊ ရေချိုးခန်း အသုံးအဆောင် ပစ္စည်းတွေ ဖြစ်တဲ့ အိမ်သာ၊ ရေချိုးခန်း၊ အင်တုံ၊ ကလေး ကစားစရာတွေ ဖြစ်တဲ့ ဘောလုံး၊ ကြိုးခွေအစရှိတဲ့ ပစ္စည်းတွေအပြင် တကယ် UW Beitle အမျိုးအစား ကားတစ်စီး ကိုလည်း ဇောက်ထိုး ပြောင်းပြန် အနေအထားနဲ့ အသေကပ် ထားတာကြောင့် ဝင်ရောက်လေ့လာ တဲ့ ဧည့်သည်အားလုံး အံ့ဩမဆုံး ဖြစ် ခဲ့ကြပါတယ်။ ဒီအိမ်ကို Terfens မြို့မှာ (၈)လကြာတည်ဆောက်ခဲ့ကြ ခြင်းဖြစ်ပြီး အခုဆိုရင် ကမ္ဘာလှည့် ခရီးသည်တွေကလည်း စိတ်ဝင်တ စားလာရောက် လေ့လာနေကြပါပြီ။
www.yoyarlay.com/






Kuala Lumpur Time
0 comments:
Post a Comment