http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 May 2012

သ ရဲ အခြောက် ခံ ခဲ့ ရ တဲ့ အကြောင်း ဒါ ရိုက် တာ မောင် မျိုး မင်း ရင် ဖွင့်

သရဲ အခြောက်ခံခဲ့ ရတဲ့အကြောင်း ဒါရိုက်တာ မောင်မျိုးမင်း ရင်ဖွင့်ဒါရိုက်တာ မောင်မျိုးမင်းက ပြင်ဦးလွင် မှာ သရဲကားရိုက်ရင် တကယ်ခြောက် တဲ့ အိမ် မှာ တကယ်ခြောက်တဲ့ အချိန်သွားပြီး ရိုက်ကူးလေ့ ရှိပြီး တကယ် အခြောက် ခံရ တာ တွေလည်း အများကြီးလို့ ပြောပါတယ်။ ဇာတ်ကား ရိုက်ကူး တဲ့ အချိန်မှာ ခေါင်းပေါင်း ကြီးတွေနဲ့ လာရောက် ကြည့်ရှုကြပြီး မီးထိုးတဲ့ အချိန်မှာ မတွေ့ရတော့ကြောင်း၊ ဟိုတယ် တစ်ခုမှာ ဇာတ် ညွှန်းရေးနေစဉ် လာရောက် ခြောက်လှန့်ပြီး စားပွဲတွေ လာပုတ်လို့ နောက် တစ်ခါလုပ်ရင် စားပွဲလှန်ပြီး လျော်ပေးလိုက် မယ်ဆိုပြီး ကြမ်းတဲ့ အခါ ကျမှ မခြောက်လှန့် တော့ကြောင်း ဒါရိုက်တာ မောင်မျိုးမင်းက ပြင်ဦးလွင်မှာ သရဲကား ရိုက်ရင်း ကြုံရ တဲ့ အမှတ်တရ အကြောင်း ပြောပါတယ်။
ဒွေး လည်း သရဲခြောက် ခံရတာ နဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက ”အဲဒီတုန်း က ဧပရယ်ဆင်းန် ကနေပြန်သွားတာ။ ပြီးတော့ ဒေလီယာ မှာ ရှိတဲ့သူတွေကို သူဝင်နှုတ်ဆက်တယ်။ အဲဒီကပြန်အထွက် မီးတွေအားလုံး ပျက်သွားတယ်။ ကားကို ကီလို ၉ဝ၊၁ဝဝနင်း ပြီးမောင်းတာ နာရီဝက်ကြာတယ်။ ပြင်ဦးလွင်မှာ အဲဒီလောက် အရှိန်နဲ့ ၁ဝမိနစ် ပိုမောင်း ရတဲ့ လမ်းမရှိဘူး။ အဲဒါနဲ့ကားရပ်ပြီး ဒွေးက ဘုရားစာတွေ ရွတ်တယ်။ ဦးမျိုး ကအထဲက မီးကြီးတွေ လင်းပြီး ခုနက စထွက်တဲ့နေရာ ကို ပြန်ရောက်နေတယ်” လို့ ပြောပြခဲ့ပါတယ်။ သူရိုက်ကူးတဲ့ သရဲကားတွေထဲမှာ အမှတ်တရ တစ်ခုက ‘ကြောက်တတ် သူများ မကြည့်ရ’ ဆိုတဲ့ကား ဖြစ်ပြီး အဲဒီကားကို အယ်ဒီတာ ၆ ယောက်ပြောင်း ပြီး ဆက်ရကြောင်း၊ ကားဆက်တဲ့ အယ်ဒီတာနဲ့ ပတ်သက်တဲ့ လူတွေသေကြကြောင်း၊ အဲဒါနဲ့ဒွေးအိမ် မှာပြောင်းပြီးကား ဆက်တဲ့အခါမှာ ဒွေးမိန်းမ မမိုး ကိုယ်တိုင် မည်း မည်းကောင်ကြီး ထိုင်နေတာ တွေ့ရ တာကြောင့် ဘုန်းကြီးတွေ မေးကြည့်တော့မှ အဲဒီကားနဲ့ ပတ်သက်ပြီး ပါလာ တဲ့ သူတွေရှိတယ်။
သူတို့ကို အမျှအတန်းပေး ခိုင်းကြောင်း ဒါရိုက်တာ မောင်မျိုးမင်းက သူရိုက်တဲ့ သရဲကားတိုင်းမှာ အမျှအတန်းပေးတာ ပါ ဝင်ကြောင်း၊ အဲဒီကားကျမှ မပါခဲ့တာဖြစ်ကြောင်း၊ အဲဒီကားကို နဝဒေးရုံမှာ ပထမနေ့၊ ပထမပွဲပြတဲ့ အချိန်မှာ ဘုန်းကြီး၁ဝပါး ပင့်ပြီး လှူဖွယ် ဝတ္ထုတွေနဲ့ အဲဒီကားနဲ့ ပတ်သက်ပြီး မလွတ်မကျွတ်တဲ့ လူတွေကို ကျွတ် လွတ်အောင် အမျှအတန်းပေး လိုက်ကြောင်း၊ ရုပ်ရှင် ပြနေတဲ့ အချိန်မှာ လေမိုးတိုက်ရမယ့် အချိန် မဟုတ်ဘဲ ဝုန်းဒိုင်းကြဲ ဖြစ်တာကြောင့် သူတို့ကို ပြန်ပို့ပြီးပြီလားလို့ ဒွေးကို မေးတော့၊ ပြန်မပို့ ရသေးကြောင်း ဦးမျိုးလည်း မပို့ရသေး ကြောင်း သိရှိပြီး ပြန်ပို့ပေးတော့ အားလုံး အဆင်ပြေ သွားကြောင်း ‘ကြောက်တတ်သူ များမကြည့်ရ’ ကားကလည်း ဝက်ဝက်ကွဲ အောင်မြင်ခဲ့တာမို့ ဒါရိုက်တာ မောင်မျိုးမင်း က အမှတ်တရ ပြောပြခဲ့တာပါ။ 
www.yoyarlay.com/index.ph

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif