http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 May 2012

အီ တ လီ ရေ တပ် သား ၂ ဦး ကို အိန ယ ရေ လုပ် သား များ သတ်ဖြတ် မှုဖြင့် ဖမ်း ဆီး

အီတလီ ရေတပ်သား ၂ ဦးကို အိန္ဒိယ ရေလုပ်သားများ သတ်ဖြတ် မှုဖြင့် ဖမ်းဆီးအိန္ဒိယ ရဲတပ်ဖွဲ့က အီတလီ ရေတပ်သား နှစ်ဦးကို အိန္ဒိယ ရေလုပ်သား နှစ်ဦးအား သတ်ဖြတ်ခဲ့မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန် သတင်းပေးခဲ့သည်။ လွန်ခဲ့သော ဖေဖော်ဝါရီလက ၄င်းရေလုပ်သား နှစ်ဦးကို ပင်လယ် ဓားပြများ အဖြစ် ထင်မှတ်ကာ မှားယွင်း ပစ်သတ်ခဲ့ကြောင်း စွပ်စွဲခံထားရကာ ယခု အခါ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ အီတလီက ၄င်းတို့၏ သံအမတ်ကြီးကို ၄င်းအမှုအပေါ် အကြံပြုနိုင်ရန် ပြန်လည် ခေါ်ယူထားခဲ့သည်။
ထိုဖြစ်ခဲ့သော အမှုမှာ နိုင်ငံတကာ ရေပိုင်နက် အတွင်းဖြစ် ခဲ့သောကြောင့် ၄င်းအမှုကို အီတလီ ဥပဒေဖြင့်သာ အရေးယူ ရမည်ဟု ဖော်ပြခဲ့ကြသည်။ အီတလီ ရေနံတင် သင်္ဘောကြီး တစ်စင်းအား အီတလီ ရေတပ် မှ စောင့်ကြည့် လိုက်ပါနေစဉ်တွင် အိန္ဒိယနိုင်ငံ အနောက်တောင် ကမ်းလွန် ပင်လယ်ပြင်ထဲတွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ မရိန်းရေတပ်သား နှစ်ဦးမှာ Massimiliano Latorre နှင့် Salvatore Girone တို့ဖြစ်ကြပြီး အိန္ဒိယနိုင်ငံ ကာရင်လန်ပြည်နယ် မြို့တော် Trivandrum ၏ ဗဟို အကျဉ်းထောင် တွင် ထိန်းသိမ်းခြင်း ခံထားရသည်။ အီတလီနိုင်ငံက သေဆုံးသူ မိသားစုတို့အား လျော်ကြေးငွေ၏ ဒေါ်လာ ၁၈၉ဝဝဝ ပေး ရန် ဧပြီလ အတွင်းက သဘော တူညီမှု ရရှိခဲ့ကြသည်။ ထို့အပြင် မိသားစုတို့က ရေတပ်သားများ အပေါ် စွဲဆိုထားသော အမှုကို ရုပ်သိမ်း ရန်လည်း သဘောတူထား ပြီးလည်း ဖြစ်သည်။
သို့သော်လည်း နှစ်နိုင်ငံ အစိုးရ တို့အကြား သံတမန်ရေးအရ လျော် ကြေး ကိစ္စပြောဆိုမှု များကို ဆက်လက် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ အီတလီတို့ ဘက်မှ အိန္ဒိယ ငါးဖမ်းလှေသည် ၄င်းတို့ပိုင်ရေနံတင် သင်္ဘော MV Enrica Lexie ၏ သတိပေး ပစ်ခတ်ခြောက်လှန့်မှုကို လျစ်လျူရှုကာရန် လိုသည့် အပြုအမူ များကို ပင်ပြသ ခဲ့ကြသည် ဟုပြောကြသည်။ အိန္ဒိယဘက်မှ သေဆုံးခဲ့ရသူ ရေလုပ်သားများ ဖြစ်ကြသည့် Selestian Valentine နှင့် Ajeshinky တို့မှာ မည်သည့် လက်နက်မျှ ကိုင်ဆောင်ထားခြင်း မရှိဟု ဖော်ပြထားသည်။ ထို့အပြင် အိန္ဒိယ အစိုးရက ကနဦးတွင် အဖြစ်အပျက် မှာ ၄င်းတို့၏ ရေပြင်ပိုင်နက် အတွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် ရေတပ်သား များအား အိန္ဒိယနိုင်ငံ ၏ ဒေသဆိုင် ရာ ဥပဒေဖြင့် အရေးယူ ရလိမ့်မည် ဟု ကြေညာခဲ့သည်။
သို့ရာတွင် အီတလီကမူ နိုင်ငံတကာ ရေပိုင်နက်တွင် ဖြစ်ပွားရခြင်း ကြောင့် အိန္ဒိယ၏ ကာရာလင်ရေ တပ်ဖွဲ့အနေဖြင့် ၄င်းသင်္ဘောကို ထိန်းသိမ်း၍ တရားစီရင်ခြင်းပြု လုပ်၍ မရဟုပြောင်းလဲ ပြောကြားခဲ့သည်။ သို့ရာတွင် အိန္ဒိယ ရဲတပ်ဖွဲ့ဝင် များက အိန္ဒိယ ဥပဒေဖြင့်သာ ကြိုးစားအရေး ယူလိမ့်မည်ဟု ထုတ်ပြန် အသိပေး အငြင်း ပွားနေကြသည်။  
www.yoyarlay.com/index.php/international/international-news/asia/26492-2012-05-26-06-15-50

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif