http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 May 2012

အာ ဖရိ က စီး ပွားေ ရး အပြောင်း အ လဲ များ မြန်မာ တွင် လည်း အေ ကာင် အ ထည်ေ ဖ်ာနိုင်

အာဖရိက စီးပွားရေး အပြောင်းအလဲများ  မြန်မာ တွင်လည်း အကောင် အထည်ဖော်နိုင်ဆင်းရဲသော အာဖရိကနိုင်ငံ များတွင် ဖော်ဆောင်နိုင်သော စီးပွားရေး အပြောင်း အလဲ များမှာ မြန်မာနိုင်ငံ တွင်လည်း အကောင်အထည်ဖော်နိုင် မည်ဟု ယုံ ကြည် ကြောင်း အောက်စ ဖို့ စ် တက္ကသိုလ်ပါမောက္ခ Paul Collier ကပြောသည်။
ကင်ညာနိုင်ငံမှာ ဖုန်းကနေ ငွေလွှဲတဲ့ စနစ်ကို ဖော်ဆောင်ပေးတဲ့ အတွက် ဆင်းရဲ မွဲတေမှု ဟာ အလျှင်အမြန် လျော့သွားပါတယ်ဟု ၄င်းကပြောသည်။ အာဖရိကနိုင်ငံများ ၏ အပြောင်းအလွဲမှ အတုယူဖွယ်ရာများကို MICT Park တွင်ကျင်းပသော Reform Strategy and People Centered Development ပွဲတွင် ဆွေးနွေးခဲ့ကြသည်။ ထို့ အပြင် လျှပ်စစ်မီး သည် ဖွံ့ ဖြိုးမှုအတွက် အခြေခံ လိုအပ်ချက်ဖြစ်ပြီး အခြေခံအလုပ် အာမခံစနစ်ကို ထားပေးရန် လိုအပ်သည်ဟု ပါမောက္ခ Paul Collier ကပြောသည်။
ပါမောက္ခ Robert Conrad ကလည်းစီးပွားရေးတည်ငြိမ်ဖွံ့ ဖြိုးရန် အတွက် အခွန်စနစ်၏ အရေးပါပုံကို ဆွေးနွေးခဲ့သည်။ အဆိုပါပွဲတွင် အခမ်းအနားမှုးအဖြစ် နိုင်ငံတော် သမ္မတ အကြံပေးဦးမြင့် နှင့်ဗဟုသုတဖွံ့ ဖြိုးမှုက ဦးအောင်နိုင်ဦး ကဆောင်ရွက်ခဲ့ပြီး Myanmar Development Resource Institute နှင့် Centre for Economic and Social Development ကပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif