
”လူငယ်နိုင်ငံရေး သမားတွေဟာ လွတ်လပ်ပြီးတဲ့ ဗမာပြည်မှာ သိပ်မမိုက်ကြဘဲ တစ်ဦးနှင့် တစ်ဦး ညီညီညွတ်ညွတ် လုပ်ကြဖို့တော့ လိုတယ်။ ဒီလိုမှ မဟုတ်ရင် လွတ်လပ်တဲ့ ပြည် ဟာ လွတ်လပ်တဲ့ အရသာကို ကျပ်ပြည့်တင်းပြည့် ခံစားရမှာ မဟုတ်ဘူး”
ဗိုလ်ချုပ်အောင်ဆန်း
(၁၉၄၇ခုနှစ်၊မတ် လ၁၃ရက်နေ့တွင် အသံလွှင့်ရုံမှ ‘နိုင်ငံရေးစားဖားကြီးတွေ’ ခေါင်းစဉ် ဖြင့် အသံလွှင့်ခဲ့သည်များမှ ကောက်နုတ်ဖော်ပြ ပါသည်။)
(၂)
အန္တရာယ် အသွယ်သွယ်ဝိုင်းရံ နေသည့် ကမ္ဘာကြီးကို စာနာနားလည် ကူညီရပါမည်။ မီးအန္တရာယ်၊ ရေအန္တရာယ်၊ လျှပ်စစ်အန္တရာယ်၊ နျူကလီးယား အန္တရာယ်၊ ကမ္ဘာ စစ်အန္တရာယ်၊ ပြည်တွင်းစစ် အန္တရာယ်၊ လူအန္တရာယ်၊ လမ်းအန္တရာယ်၊ စက်အန္တရာယ်၊ အင်တာနက် အန္တရာယ်၊ ရောဂါအန္တရာယ်၊ သဘာဝ ဘေးအန္တရာယ် စသည်ဖြင့် စုံလင်လှပေသည်။ ထိုထိုသော အန္တရာယ်များကို အားလုံး၏ အသိ၊ စာနာ နားလည်သော စိတ်ဓာတ်၊ ဖြူ စင်သော နှလုံးသားများဖြင့် ဝိုင်းဝန်း ကူညီရပေမည်။
စာပေ အန္တရာယ်၊ ကဗျာအန္တ ရာယ် ကလည်းရှိသေးသည်။ မီဒီယာ အန္တရာယ် ဆိုပါက ကမ္ဘာကြီးကို ငြိမ်း ချမ်းစေနိုင်၊ စစ်ဖြစ်နိုင်အောင် အစွမ်းထက် လှပေသည်။ ထို့ပြင် အနုပညာ အန္တရာယ် ကြောင့် လူ့ယဉ်ကျေးမှု ပျောက်သွားနိုင်သလို လူမျိုးပါ ပျောက်သွားနိုင်သည်။
ပြုပြင်သူနှင့် ဖျက်ဆီးသူများ ရေပြွမ်း နေသည့် ဤလောကကြီးဝယ် ကောင်းသော ကိစ္စနှင့် မကောင်းသော အန္တရာယ်များက တော့ အစဉ်အမြဲ ဒွန်တွဲလျက် ရှိနေဦးမည်။
(၃)
သင့်ကြောင့် ထိုထိုသော အန္တရာယ်များ မဖြစ်ပေါ်ပါစေနှင့်။
ကမ္ဘာကြီးငြိမ်းချမ်းရေး ရဖို့လိုအပ်ပါ မည်။ မြန်မာပြည်ကြီး ငြိမ်းချမ်းရေးရဖို့ လိုအပ် ပါမည်။ ဧရာဝတီမြစ်ကြီး ငြိမ်းချမ်းရေး ရဖို့ လိုအပ်ပါမည်။
ငြိမ်းချမ်းရေး ရဖို့လူငယ် များစွာလိုအပ် ပါမည်။ ရဲဝံ့စွန့်စားအန္တရာယ် များစွာကို နှိမ်နင်းမည့် ခေတ်ပညာတတ် လူငယ်များစွာ လိုအပ်ပါမည်။ ထို့ကြောင့် လူငယ်များစွာ လိုအပ်ပါသည်။
(၄)
နိုင်ငံ့အရေး အတွက် လူငယ်များ ရှေ့ထွက်ဖို့ လိုအပ်ပါသည်။ လူငယ် များရှေ့ထွက်ရဲဖို့ အတွေ့အကြုံရှိ လူကြီး များက လက်တွဲ ခေါ်ယူနေရာပေးဖို့ လိုအပ်ပါသည်။
ဒီခေတ် လူငယ်တွေ ဟာနောင် တစ်ခေတ်ရဲ့ခေါင်း ဆောင်ဖြစ်ရမယ်။
ခေါင်းဆောင်ဖြစ်မယ့် လူတွေဟာ အရည်အချင်းရှိဖို့ လူကြီးနဲ့ လူငယ်
အပြန်အလှန်လေးစားဖို့ လိုတယ်။
လူငယ်တွေက ခေတ် မီနည်း ပညာတွေ ပိုပြီးတော့ နားလည်ကျွမ်းကျင်မယ်။ အဲဒီလို နားလည် ကျွမ်းကျင်မှုနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံတွေ ဆက် စပ်ပြီးတော့ ကောင်း မွန်အောင် ဆောင် ရွက် သွားဖို့ တိုက် တွန်းပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
(မိန့်ခွန်း ကောက်နုတ်ချက်)
(၅)
ယနေ့ ခြေ တစ်လှမ်းသည် မနက်ဖြန် အတွက် အတိတ် ဖြစ်သွားပေမည့် ကောင်း သောခြေလှမ်းက ကောင်းမွန်သည့် သမိုင်းတစ်ခု ဖြစ်သွားနိုင်သလို မကောင်း သော ခြေတစ်လှမ်း က ဆိုးရွားသည့် သမိုင်း တစ်ခု၊ပြင်၍ မရတော့ သည့် သမိုင်း တစ်ခုဖြစ် သွားနိုင်သည်။
ကောင်းမွန်သော သမိုင်းသစ်ကိုသာ ရေး ထိုးမည့် လူများကို ကမ္ဘာကြီးက အလိုရှိနေပါသည်။
ကောင်းသောသမိုင်းကို ဖန်တီးမည့်၊ တိမ်မြုပ်ပျောက်ကွယ်နေသည့် သမိုင်းကို ပြန် ဖော်ထုတ်မည့် ရဲရဲတောက်လူငယ်များစွာ ကမ္ဘာကြီးအတွက် အရေးပေါ်လိုအပ်နေပါ သည်။
popularmyanmar.com/mpaper/archives/42737
0 comments:
Post a Comment