လေဒီဂါဂါ၏ အာရှဖျော်ဖြေပွဲ ခရီးစဉ်ကို ဧပြီလ၂ဝရက်နေ့က ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့မှ စတင်လိုက်ပြီဖြစ်သည်။ စလျှင်စချင်းဆန့်ကျင် ဆန္ဒပြခံရမှုများ ကြုံနေရပြီဖြစ် သကဲ့သို့ သူမရောက်လာသေးသည့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာတွင်လည်း သူမကို ဆန္ဒပြနေပြီ ဖြစ်သည်။ ဆန္ဒပြသူများရှိသကဲ့သို့ သဲသဲလှုပ် အားပေးနေသူ များပြား သည့် သူမသည် ဟောင်ကောင် ဖျော်ဖြေပွဲပြီးလျှင် ဘန်ကောက်သို့ ခရီးဆက်မည်ဖြစ်သည်။ ဘန်ကောက်တွင် ယခုလ၂၅ရက်နေ့ ဖျော်ဖြေမည်ဟုသိရပြီး ၄င်းအစီအစဉ် ကို BEC-TERO က တာဝန်ယူစီစဉ်ပါသည်။ BECကုမ္ပဏီသည် လွန်ခဲ့သော ၄ နှစ်က သူမကို ပွဲထုတ်ရန် ကြိုးစားခဲ့ဖူးသော်လည်း ထိုစဉ်က လေဒီဂါဂါ မှာ ယခုလောက် နာမည်မကြီးသေးသည့် အတွက် ပွဲဖြစ်မြောက်အောင် ဆက်လက် မလုပ်ဆောင် နိုင်ခဲ့ပေ။ ယခုအချိန်တွင် မူလက ပရိသတ် ၁သောင်းဆံ့မည့် Impactတွင် စီစဉ်ထားရာမှ ပရိသတ် ၅ သောင်းဆံ့သည့် ရာဇမင်္ဂလာအမျိုးသား အားကစားရုံသို့ ပြောင်းလဲစီစဉ် လိုက်ရသည်အထိ ပရိသတ်တောင်းဆိုမှု မြင့်မားသည်ဟုကြားသိရပြီး ထိုပွဲကို မြန် မာ နိုင်ငံမှ လူငယ်များလည်း သွားရောက်ကြည့်ရှုကြမည်ဟု ခန့်မှန်းရသည်။ လက်မှတ်နှုန်းထားများမှာ ဘတ်၇ဝဝဝ၊ ဘတ်၄၅ဝဝ၊ ဘတ် ၃၅ဝဝ၊ ဘတ် ၂၅ဝဝ၊ ဘတ်၁၅ဝဝ ဟူ၍ ခွဲခြားသတ်မှတ် ထားရှိကြောင်း လက်မှတ်များကို အွန်လိုင်းတွင် ရောင်းချပေးနေရာ ၁ဝမိနစ်အတွင်း လူ၁ သောင်းတစ်ပြိုင်တည်း ဝယ်ယူလျှင်လည်း ဝက်ဘ်စာမျက်နှာ ပြုတ်ကျမသွားအောင် ရေးဆွဲထားကြောင်းနှင့် ထို စတိတ်ရှိုးသို့သွားလာရေး အဆင်ပြေစေရန် ဘတ်စ်ကား များကိုပါစီစဉ်ပေးထားမည် ဖြစ်ကြောင်း BEC ကုမ္မဏီက ဆိုပါသည်။ ဘန်ကောက်မြို့တွင် ကျင်းပ မည့် လေဒီဂါဂါ၏ဖျော်ဖြေပွဲကို BEC-TERO ကုမ္ပဏီကြီး၏ ဌာနခွဲတစ်ခုဖြစ်သည့် THAITICKETMAJOR က စီစဉ်တင်ဆက်ခြင်းဖြစ်ပြီး အင်တာနက်မှတစ်ဆင့် လက်မှတ် ဝယ်ယူလိုသူများအနေဖြင့် THAITICKETMAJOR ၏ အထွေထွေမန်နေဂျာ Ms.NOOJ PIRAPHA- TANPONG (nooj.p@thaiticket-major.com)သို့လည်းကောင်း၊ www.thaiticket-major.com သို့လည်းကောင်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရ သည်။ နောက်ဆုံးသိရချက်မှာ ဘတ် ၇ဝဝဝနှင့် ဘတ်၄၅ဝဝအတန်း လက်မှတ်သာ အကန့်အသတ်ဖြင့် ကျန်ရှိတော့ကြောင်း သိရသည်။ popularmyanmar.com/mpaper/archives/41776






Kuala Lumpur Time
0 comments:
Post a Comment