http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 May 2012

စိုင်း စိုင်း ခမ်း လှိုင် ရဲ့ပါး မှာ ပါးကွက် လက်စွမ်းပြ ခဲ့ တဲ့ ခိုင် သင်း ကြည်

စိုင်းစိုင်းခမ်းလှိုင်ရဲ့ပါးမှာ ပါးကွက် လက်စွမ်းပြ ခဲ့တဲ့ ခိုင်သင်းကြည်
စိုင်းစိုင်း ခမ်းလှိုင်နဲ့ ခိုင်သင်းကြည်တို့ အတွဲ ညီညီနဲ့ ရိုက်ကူး ခဲ့တဲ့ “မော်ဒယ် ဗွေးတုတ်”ဇာတ်ကားမှာ ပရိသတ် အားပေးမှုရခဲ့ပြီး နောက် “ရက်ပါရွှေရိုး” ဇာတ်ကားကို ထပ်မံ ရိုက်ကူးကာ ဗီဒီယိုကြော်ငြာတွေ မှာလည်း ပြသနေတာကြောင့် ပရိသတ် တွေ ကလည်း စောင့်မျှော်နေ ကြပြီဖြစ်ပါတယ်။
ဒီဇာတ်ကား ကိုရိုက်ကူးခဲ့တုန်းက မိုးတွင့်း ဖြစ်လို့ သန်လျင်မှာသွားရိုက်ခဲ့ရတာ ခက်ခက်ခဲခဲနဲ့ အမှတ်တရဖြစ်ခဲ့တဲ့ အကြောင်းတွေကိုလည်း ခိုင်သင်းကြည်က …”မိုးတွေ တအားရွာတော့ ရက်တွေလည်း ကြာခဲ့တယ်။ ရှုခင်းလှ တဲ့ နေရာတွေ သွားရတော့ အဝေးကြီးကို ရွှံ့တွေ ဒူးခေါင်းလောက်ထိ မြုပ်တယ်။ မျှော့တွေ၊ ကျွတ်တွေကလည်း ရှိတယ်။
စစ်ကားတွေလို တောထဲ သွားတာ မဟုတ်ဘူး။ သန်လျင်မှာကို တော်တော် ပင်ပန်းတယ်။ အမှတ်အရဆုံးက စိုင်းစိုင်းရဲ့ပါးကွက်ကို အစ်မကွက်ပေး ခဲ့ရ တယ်။ စိုင်းစိုင်းက ပါးကွက်ကွက် ဖို့ပြောတော့ အစ်မ မိတ်ကပ်ဆရာ ကိုကွက်ခိုင်းတော့ မကွက်တတ်ဘူး ဆိုတော့ အစ်မလုပ်ပေးလိုက်တာ အမှတ်အရဆုံးပဲပေါ့” လို့ပြောပြပါတယ်။
ခိုင်သင်းကြည်က ပြင်ဦးလွင်မှာ နေမင်းနဲ့ ဇာတ်ကားရိုက်ကူးခဲ့တာ ဖြစ်ပြီး ပြင်ဦးလွင်မှာပဲ ဇာတ်ကားတွေ ထပ်မံရိုက်ကူးဖို့ရှိတယ် လို့ပြောပြခဲ့ပါတယ်။ “ရက်ပါရွှေရိုး” ဒီဗီဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာဗန်းကြီးက ရိုက်ကူးပုံဖော်ခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်၊ မင်းဦး၊ ခိုင်သင်းကြည်၊ ချမ်းမီမီကို၊ ပွင့်တို့အပြင် သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင် ထားပါတယ်။ “ရက်ပါရွှေရိုး”ဇာတ်ကားကိုတော့ စိန်ဂေဟာ(ပါရမီ)ရှိ Top Royal အဆင့်မြင့် ရုပ်ရှင်ရုံမှာ ဇွန်လ ၁ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်ပါတယ်။ 
www.yoyarlay.com/index.php/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif