~
ပြည်မြို့မှာ ဖယောင်းတိုင်ထွန်း ဆန္ဒပြသူတွေထဲက ရိုက်နှက်ဖမ်းဆီးခံရသူ ၆ ဦး ရှိပါတယ်။ သူတို့က ရိုက်နှက်မှုမှာ တာဝန်ရှိသူများကို တရားစွဲမယ်လို့ ပေါ်ပြူလာမြန်မာ သတင်းဂျာနယ် Facebook မှာ ရေးထားပါတယ်။“ ကျွန်တော်တို့ကို ရိုက်ဖို့ အမိန့်ပေးတဲ့ ခရိုင်ရဲမှူး ဦးသောင်းဝင်း၊ မြို့နယ်မှူး အောင်ဇော်ထက် အပါအ၀င် တာဝန်ရှိသူတွေကို ကျွန်တော်တို့ တရားစွဲဆိုသွားမှာပါ” လို့ ရိုက်နှက်ခံခဲ့ရသူ ဦးကျော်ဆွေက ပြောဆိုပါတယ် တဲ့။
ရိုက်နှက်ဖမ်းဆီးမှုက ၂၄ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ မြို့အများအပြားမှာ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပေမယ့် ရိုက်နှက်မှု ဖမ်းဆီးမှုတို့နဲ့ တုံ့ပြန်ခံရတာ ပြည်မြို့မှာပဲ ဖြစ်ခဲ့ပုံရပါတယ်။
ညွှန်း - ပေါ်ပြူလာမြန်မာ သတင်းဂျာနယ် Facebook http://www.facebook.com/PopularNewsJournal
blog.irrawaddy.org/2012/05/blog-post_6527.html






Kuala Lumpur Time
0 comments:
Post a Comment