ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့နားက မယ်လမြန်မာဒုက္ခသည်စခန်းမှာ ကော်သူးလေ ကရင်နှစ်ခြင်း အသင်းတော် ကျမ်းစာသင်ကောလိပ် အရင်လ ၂၈ ရက်နေ့က မီးလောင်မှုဖြစ်ပြီးကျောင်းဝင်ကြီးတခုလုံး ပြာကျ သွားတဲ့အတွက် ကျောင်းပြန်လည်ထူထောင်ရေးရံပုံငွေ တေးဂီတဖြေဖျော်ရေးပွဲကို ပြုလုပ်ဘို့ရှိပါတယ်။
နေရာ - မဲဆောက်မြို့က CDC မြန်မာရွှေ့ပြောင်းအထက်တန်းကျောင်း
အချိန် - ဒီလ ၁၂ ရက်နေ့ ည ၇ နာရီ စတင်မည်
ဝင်ကြေး - လက်မှတ်တစောင် ဘတ် ၁၀၀ (၃ ဒေါ်လာ)
ကျောင်းသား ၃၀၀ ကျော် ဒုက္ခရောက်ခဲ့ရတဲ့ ဒီကျောင်းရဲ့ရံပုံငွေပွဲကို မြန်မာနိုင်ငံက နာမည်ရ ကရင်တေးသံရှင်တွေဖြစ်တဲ့ ထူးဝါး၊ယူးရီ အပါအအ၀င် ထိုင်းနယ်စပ်က တက်သစ်စ ကရင်အဆိုတော် ၁၉ ဦးက သီဆိုဖြေဖျော်ကြမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတဦးက ပြောပါတယ်။
အဆိုတော်တွေကို ကူညီတီးခတ်ပေးမဲ့တီးဝိုင်းကတော့ မီးဒဏ်သင့်ခဲ့ရတဲ့ကျမ်းစာကျောင်းက KKBBSC BAND အဖွဲ့ဖြစ်ပါတယ်။
ပါဝင်သူ အားလုံးက ကျောင်းအတွက် ကုသိုလ်ဖြစ် လာရောက် အားပေးကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျောင်း မီးလောင်မှု ဖြစ်ပွားစဉ် ရိုက်ကူးထားတဲ့ ပုံတွေကို ဖော်ပြလိုက်ပါတယ်။



www.irrawaddyblog.com/2012/05/blog-post_372.html






Kuala Lumpur Time

0 comments:
Post a Comment