http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 May 2012

ကာ ရိုက် တာ နဲ့ ပတ် သက် ရင် အ စွန်း ထိအောင် သ ရုပ်ဆောင် တတ် ခဲ့ တယ် အေးမြတ် သူ

sကာရိုက်တာနဲ့ ပတ်သက်ရင် အစွန်းထိအောင် သရုပ်ဆောင် တတ်ခဲ့တယ် အေးမြတ်သူပြင်ဦးလွင်ရောက် အေးမြတ်သူက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်၊ သရုပ်ဆောင် ကျော်ရဲအောင် နဲ့ ရိုက်မယ့် အရမ်းဟော့တဲ့ ကာရိုက်တာ အတွက် ခပ်ဟော့ဟော့ အဝတ် အစား များ စီစဉ်ခဲ့ ပါတယ်။ သို့သော် ဇာတ်လမ်းပြောင်းသွားတာမို့ ရန်ကုန်ပြန်ပြီး နောက်ရိုက်မယ့် ဇာတ်ကားအတွက် ဝတ်စုံများ စီစဉ်ခဲ့ရပါတယ်။
ပြင်ဦးလွင်ရောက် အေးမြတ်သူနဲ့ စကားပြောဖြစ်တဲ့အခါ “ကျွန်တော်တို့ ပထမကားကို ဆင်ခေါင်းလေးရွာမှာ ရိုက်တယ်။ မြို့ကျောင်းတက်တဲ့ တောသူဋ္ဌေးသမီး ဆိုပါတော့ အဲဒီရက် ပြင်ဦးလွင်က အအေးပိုတယ်။ အခုမှ နည်းနည်း ပိုပူလာသလိုပဲ” လို့ပြောပါတယ်။ အေးမြတ်သူ ရိုက်ရတဲ့ ဗီဒီယိုနှစ်ကားရဲ့ သရုပ်ဆောင် နာမည်တွေက တစ်ကားမှာ “မှုံ”၊ တစ်ကားမှာ “မိုး” အဖြစ် သရုပ်ဆောင်ရပါတယ်။ ကားနာမည်က “အချစ်သည် ကမ္ဘာကြီးကို ဗဟိုပြု၍ လည်ပတ်နေသည်” တဲ့။ အခုတစ်ခေါက် လာရတာ အတော်ပျော်စရာ ကောင်းတယ်။ ရန်ကုန်က ရုပ်ရှင်လောကသား အကုန်ရောက်နေတယ်လို့ ထင်ရတယ်။ ရန်ကုန်မှာ တွေ့ရတာကမှ နည်းနည်း သူစိမ်းဆန်သေးတယ်။ ဒီမှာတွေ့ရတာ ပိုရင်းနှီး၊ ပိုပျော်ဖို့ ကောင်းပါတယ်။ အားလုံး ပျော်ကြပါးကြ၊ စားကြသောက်ကြနဲ့ နောက်နေ့ရိုက်မယ့် ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်ကြနဲ့ပါ။
ဒေလီယာရောက်ရင် ရိုက်ကွင်းတွေ အကြောင်းအစုံ သိရပါတယ်။ ရန်ကုန်မှာဆိုရင် ရိုက်ကွင်းပြီးတဲ့အခါ ကိုယ့်အိမ်ကိုယ်ပြန်ကြပေမယ့် ဒီမှာတော့ ရိုက်ကွင်းပြီးသွားပေမယ့်လည်း သိပ်မပင်ပန်းဘူးလေ” ဆိုတဲ့ အေးမြတ်သူက သူထူးစံနဲ့ရိုက်တဲ့ “ဗာလာနံ” ကားမှာလည်း မကောင်းတဲ့မိန်းမအဖြစ် ခပ်ကြမ်းကြမ်း သရုပ်ဆောင်ထားတဲ့အပေါ် “အဲဒီကားကို ဒါရိုက်တာ ဦးဝင်းထွန်းထွန်း ရိုက်ပါတယ်။ ဇာတ်လမ်းအစကတည်းက မကောင်းတဲ့မိန်းမ၊ ဒိုင်ယာလော့ခ်တွေကလည်း ဗန်းစကားတွေနဲ့ ခပ်ကြမ်းကြမ်းတွေချည်းပဲ။ ပြောရရင် အဲဒီကားတွေက ကိုသူထူးစံနဲ့ မောင်နှမတွေလိုဖြစ်နေလို့ ရိုက်ဖြစ်ခဲ့တာပါ။ တခြားမင်းသားနဲ့ဆိုရင် အတော်မဝံ့မရဲ ဖြစ်နေရမယ်။ ဈေးဦးမပေါက်တာတွေ၊ ပီကေဝါးပြတာတွေ၊ ထရံလှုပ်တာတွေ၊ အပေါက်က ချောင်းကြည့်တာတွေရော မျိုးစုံနေတာပါပဲ။ ဒါပေမယ့် ဇာတ်လမ်းအရ လိုအပ်လို့ ရိုက်တာဆိုတော့ ဆင်ဆာကလည်း ခွင့်ပြုမယ် ထင်ပါတယ်။ အထူးသဖြင့် နိမိတ်ပုံရိုက်ချက်တွေ များပါတယ်။ ဒါပေမယ့် လိုရင်း တိုက်ရိုက်ရောက်ပါတယ် (ရယ်လျက်)။ ပြောတဲ့ အေးမြတ်သူက ကာရိုက်တာနဲ့ ပတ်သက်ရင် အစွန်းထိအောင် သရုပ်ဆောင်တတ်ခဲ့ပါတယ်။ 
www.yoyarlay.com/index.ph

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif