ဖြိုးငွေစိုးက ဧပြီ ၂၈ ရက်နေ့မှာ ၂၉ နှစ် ပြည့် သွားပြီ ဖြစ်ပါ တယ်။ မွေးနေ့အကြို အလှူ အဖြစ်လည်း အနုပညာရှင်တွေ စုပေါင်း ရဟန်းခံ ရှင်ပြု အလှူမှာ ရဟန်း ၁၁ ပါး အ တွက် လှူခဲ့ပါတယ်။ မွေးနေ့မှာတော့ သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်း ဖြစ်တယ်လို့ ပြောပြီး မွေးနေ့တွေထဲမှာ အသက် ၂၆ နှစ် မွေးနေ့က မျက်ရည်တောင် ကျခဲ့ ရတယ် ဆိုတဲ့ ဖြိုးငွေစိုးက…
”ကျွန်တော် နယ်မှာ သီချင်းသွားဆိုတာ၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနားကရွာမှာ မွေးနေ့ ဆိုတော့ အလှူလေး လုပ်ဖြစ်တယ်။ ကျွန်တော် တစ်ယောက်ထဲပဲ ဘယ်သူမှ လည်း မပါဘူး။ တစ်ရွာလုံးဆို လူ ၆ဝဝ ကျော်လောက် ရှိတယ်။ အဲဒီရွာက လူတွေပဲ ဝိုင်းချက်ပေးကြတာ။ ကျွန်တော့်ကို မွေးနေ့ လက်ဆောင် လာပေးကြတာ ဖယောင်းတိုင်လေးတွေ၊ အမွှေးတိုင်လေးတွေ၊ လက်ကိုင်ပဝါ၊ သောက်ရေ ခွက်တွေ၊ တစ်ယောက် တစ်မျိုး လာပေးကြတာ။ အများကြီးပဲ။ လူကြီး၊ လူငယ် အများကြီး လာကြတာ။ တစ်ခါမှ အဲဒီလို မကြုံဖူးဘူး။ ကျွန်တော်လည်း အဲဒီလိုမျိုး လုပ်ဖို့ မစဉ်းစားထားဘူး။ ဒါပေမဲ့ တိုက်ဆိုင်သွားတာ။ မွေးနေ့ မပြန်ဖြစ်ဘဲ နေဖြစ်သွားတာ။ ပထမက ဘုန်းကြီး ဆွမ်းကပ်တာ ကနေ စပြီး လုပ်ရင်းနဲ့များ သွားတာ။ မုန့်ဟင်းခါးကျွေးတာပေါ့။ လူ အများကြီးပဲဆိုတော့ ကျွန်တော် တအားလည်း အံ့သြပြီး ပျော် လည်းပျော်တယ်။
နောက် သူတို့က စားနေရင်းနဲ့ ဆုတောင်းပေးကြတယ်။ ဝမ်းသာတာပေါ့။ အဲဒီလို တစ်ခါမှ မကြုံဖူးဘူးလေ။ အဲဒီမွေးနေ့ညမှာ သီချင်း ဆိုတော့ လည်း မွေးနေ့ လက်ဆောင်တွေ အများကြီး ပေးကြတယ်။ ဘဝမှာ တစ်ခါမှ အဲဒီလောက် လူများများနဲ့ အလှူ မလုပ်ဖူးဘူး။ မကြုံဖူးဘူး။ သူတို့ကလည်း ပျော်ကြတယ်။ ကိုယ်ကလည်း ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်။ အမှတ်တရ အဖြစ်ဆုံးပဲ” လို့ပြောပြပါတယ်။ အသက် ကြီးလာတဲ့ အတွက် လုပ်စရာ ရှိတာတွေ မလုပ်ရသေးတာကြောင့် စိတ်ပူရ တာတွေ ပိုများလာတယ်လို့လည်း ဖြိုးငွေစိုးက ပြောပြခဲ့ပါတယ်။
www.yoyarlay.com






Kuala Lumpur Time

0 comments:
Post a Comment