http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 May 2012

ကားဈေး ကွက် အနေ အ ထားနှင့် အခြေ ခံ လူ တန်း စား

မြန်ဆန်သော မူဝါဒ အပြောင်းအလဲ ကားဈေးကွက် အနေအထားနှင့် အခြေခံ လူတန်းစားရှစ်လတာ ကာလ အတွင်း မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒခြောက် ကြိမ် ပြောင်းလဲ ခဲ့ပြီးနောက် မြန်မာ နိုင်ငံအတွင်း ခရီးသွားလာရေးနှင့် ပြည်သူ လူထု စီးပွားရေး အခြေ အနေ ပြောင်းလဲ တိုးတက်မှု အခြေအနေများ ထူးခြားခဲ့ခြင်း မရှိသည့် အပြင် လက်ရှိ ဝယ်ရောင်း အမြင့်ကား ဈေးကွက်မှာ ရုတ်တရက်ရပ်တန့် သွားခဲ့သည်။
မေ ၇ ရက်က နောက်ဆုံး ထုတ်ပြန် လိုက်သည့် နိုင်ငံခြားငွေ ဘဏ်စာရင်း ရှိသူတိုင်း မော်တော် ယာဉ်တင်သွင်းခွင့်ပြုလိုက်သည့် မူဝါဒအရအမြင့်ကား လက်ဝယ်ရှိသူ ဝယ်ရောင်း လုပ်ကိုင်သူများ အတွက် ဈေးကစားနိုင်မည့် အခြေအနေ မရှိ တော့ဘဲ၊ အောက်ဈေး (အနိမ့်ဈေး) ဖြင့် ပြန်လည် ရောင်းချ ရမည့် အခြေ အနေသို့ ရောက်ရှိသွားမည်ဟု ဝါ ရင့် ကားဝယ်ရောင်း လုပ်ကိုင်သူ အချို့ကပြောသည်။
"အခုချမှတ်လိုက်တဲ့ပုံစံအရ က ၂၀ဝ၇ အထက်မော်ဒယ်တွေကို နိုင်ငံခြားငွေဘဏ်စာရင်းရှိမယ် ဆိုရင် တင်သွင်းခွင့်ရှိတယ်ဆိုမှ တော့ လက်ရှိဈေးကွက်ထဲမှာရှိတဲ့ အမြင့်ကားတွေ၊ အဝယ်အေးသွား တာပေါ့။ ဒီပုံစံအတိုင်းဆိုရင် ဆက် ပြီးအေးနေဦးမှာပါပဲ"ဟု ဦးဋ္ဌေးကဆိုသည်။
မူဝါဒအမျိုးမျိုးဖြင့် ပြောင်းလဲ ချမှတ်နေသည့် ရှစ်လတာအနေ အထားအရ ဈေးကွက်အနေအ ထား ပျက်ယွင်းမှုများ ရှိနေသကဲ့သို့ လက်ဝယ်တွင်း ကားဟောင်း ရှိနေသူ များနှင့် ပါမစ်ရရှိပြီး သူများ၏ အခြေ အနေမှာလည်း ကောင်းသောဘက် သို့ပြောင်းလဲနိုင်မည့် အခြေအနေမရှိ နိုင်ဟု စီးပွားရေးပညာရှင်အချို့က သုံးသပ် သည်။
ပထမ ကားဟောင်းအပ်၊ ကား သစ်တင်သွင်းခွင့်အရ ကားအ ဟောင်းဈေးများမြင့်လာခြင်းကြောင့် ယာဉ်အို၊ ယာဉ်ဟောင်းပိုင်ဆိုင်သူ များသည် အခွန် ပေးသွင်း ရခြင်းနှင့် ပါမစ်ထုတ်ခြင်း၊ အထွေထွေဝန် ဆောင်မှုများအား ရှောင်လွှဲကာ ငွေရင်းရှိသူများအား ပြန်လည် ရောင်းချလိုက်ခြင်းဖြင့် ယာဉ်ပိုင်ဆိုင် နိုင်ခြင်းမရှိသည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။
"ကားဟောင်းတွေအပ်ရမယ်၊ ကားသစ်သွင်းခွင့် ပါမစ်ချထားပေး မယ်ဆိုပေမယ့် ကားအပ်ကားပါ မစ်ထုတ်တာ၊ ကားသွင်းရင်အခွန် ပေးရမှာတွေမတတ်နိုင်တော့၊ ဈေး ကောင်းလေးနဲ့ ရောင်းလိုက်တယ်။ ပြန်မဝယ်ဖြစ်တာနဲ့လက်ရှိက လက် မဲ့ဖြစ်သွားတယ်"ဟု စီးပွားရေးအ ခြေအနေအရ ကားဟောင်းရောင်းတာ ပြန်လည် ဝယ်ယူခြင်း မပြုနိုင်ခဲ့ သူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်းတွင် ကားများ တန်းစီနေသည်။ မန္တလေးတွင် ကားတွေပြည့်ကျပ်နေသည်။ အိမ် စီးကားသည် လူတိုင်းစီးနိုင်သော ကားမဟုတ်သဖြင့် ကားသွင်းခွင့်ပြု ခြင်း၊ မပြုခြင်းသည် လူတိုင်းနှင့် မသက်ဆိုင်၊ သို့သော်ယာဉ်ကြော ပိတ်ဆို့ခြင်း၊ လမ်းခရီးကြန့်ကြာခြင်း ကတော့ လူတိုင်းနှင့်သက်ဆိုင်နေ သည်။ ရှေးဦးစွာ ကားဟောင်းအပ် နှံကားသစ်ပြန်သွင်းမူဝါဒနှင့် ၁၉၉၆ ခုနှစ်မော်ဒယ်မှ ၂၀ဝ၆ မော်ဒယ် အထိ ပြင်ဆင်သတ်မှတ်လိုက်ခြင်း နှင့် ကားအမျိုးအစားအလိုက်ဈေး နှုန်းသတ်မှတ်လိုက်ခြင်းမူအရ ပထမအသုတ်ကားများရောက်လာ သည်။
ငွေကြေးတောင့်တင်းသူနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့လက် ဝယ်ပိုင်ဆိုင်ခွင့်ရရှိသွားသည်။ တစ်ဖန်အခွန်ထမ်းဆောင်ထား သူများအား ကြော်ငြာထားသည့် အတိုင်းပါမစ်အားခွင့်ပြုမပေးဘဲ အစီးရေ ၃၀ဝ၀ ကို တစ်သုတ်နှုန်း ဖြင့်ခွဲကာ တင်သွင်းခွင့်သတ်မှတ် ချက်ပြင်ဆင်လိုက်ရာ အခွန်ထမ်း ဆောင်ထားပြီး ပြည်ပအလုပ်လုပ် ကိုင်နေသူအချို့နှင့် သင်္ဘောသား အချို့ပါမစ်မရရှိမှုများရှိနေကြောင်း လက်တွေ့ ကြုံတွေ့ရသူတစ်ဦး၏ပြောကြားချက်အရသိရသည်။
ယာ ယီမှတ်ပုံတင်ကြေး ပြောင်းလဲပြင် ဆင်သတ်မှတ်ခြင်း၊ အင်ဂျင်ပါဝါအ လိုက် ၅၀ ရာခိုင်နှုန်းမှ ၁၂၀ ရာ ခိုင်နှုန်းအထိခွဲခြားသတ်မှတ်ခြင်း တို့ကြောင့်လည်း နစ်နာမှုများရှိခဲ့ ကြောင်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံသူအချို့ကပြောသည်။
ကြာမြင့်မှု မရှိသော ကာလ အတွင်း သတ်မှတ်ချက် အမျိုးမျိုးကို ပြင်ဆင်ချမှတ်ကာ လုပ်ကိုင်နေခြင်း သည် စီးပွားရေးအရ လုပ်ငန်းကြီး များ လုပ်ကိုင်နေသူများကို ထိခိုက် နစ်နာစေသည်ဟု ကားအရောင်း စင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။
"သတ်မှတ်ချက် တွေကို အခု တစ်မျိုး၊ တော်ကြာတစ်မျိုးချနေ တော့အဲဒီအပေါ်လိုက်လုပ်ရတဲ့သူ တွေ ခက်ခဲတာပေါ့၊ တစ်ဆယ်၊ နှစ် ဆယ်နဲ့ လည်ပတ်နေရတဲ့ လုပ်ငန်း မျိုးတွေလည်းမဟုတ်ဘူး" ဟု အဆို ပါ တာဝန်ရှိသူက ဆိုသည်။
ဆက် လက်၍မေ ၇ ရက်တွင် ချမှတ်လိုက် သည့် မူဝါဒအရနိုင်ငံခြားငွေဘဏ် စာရင်းရှိသူတိုင်းလူစီးအိမ်သုံးကား တင်သွင်းနိုင်ခြင်းကြောင့် အမြင့် ကားများ ဈေးပြုတ်ကျ၊ ကားအ ရောင်းအဝယ် ရပ်တန့်သွားသည်၊ ထိုသို့ ဈေးပြုတ်ကျသွားခြင်းသည် လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများအတွက် ထူးခြားစွာ အပြောင်းအလဲဖြစ်လာနိုင်မည် မဟုတ်ဟု အလတ်တန်းစားလုပ်ငန်း ရှင်တစ်ဦးက ပြောသည်။
"လူလတ်တန်းစားနဲ့ အခြေခံ လူတန်းစားတွေအတွက်က လိုင်း ကားစီးကြတာပါ။ အမြင့်ကားတွေ သိန်း ၁၀ဝ လောက်အထိပြုတ်ကျ နေလည်း ပိုင်ဆိုင်နိုင်မှု အဝေးကြီး ပါ။ အရေးကြီးတာကအများစီးနိုင် တဲ့ ဘတ်စ်တွေချောင်ချောင်ချိချိစီး နိုင်ဖို့ပဲ" ဟု အဆိုပါလုပ်ငန်းရှင်က ဆက်လက်ပြောကြားသည်။
"သက်တမ်းလွန် ယာဉ်များ အစားထိုးလဲလှယ်ခြင်း၊ မော်တော် ယာဉ်သစ်များ တင်သွင်းခွင့်ပြုခြင်း နှင့်ပြည်သူများ ဈေးနှုန်းမှန်မှန် ကန် ကန်ကားစီးနိုင်ရေးအတွက် ကား အရောင်းစင်တာတွေ ဖွင့်ပေးခဲ့ပါ တယ်။ သွင်းကုန်ထုတ်ကုန်လုပ်ငန်း ဆောင်ရွက်နေတဲ့ကုမ္ပဏီတွေ၊ နိုင်ငံ ခြားမှာအလုပ်လုပ်နေတဲ့သူတွေ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ် ကိုင်နေတဲ့လုပ်ငန်းရှင်များ၊ နိုင်ငံခြား မှာတာဝန်ထမ်းဆောင်နေတဲ့ဝန် ထမ်းများအား၊ လူစီးမော်တော် ယာဉ်များ စိစစ်တင်သွင်းပေးခဲ့ တယ်။
၂၀ဝ၇ ခုနှစ်အထက် မော် တော်ယာဉ် (ခရီးသည်တင်ဘတ်စ် ကားမှအပ)ဘယ်မောင်း၊ ညာ မောင်းမခွဲဘဲ၊ လွတ်လပ်စွာတင် သွင်းခွင့်ပြုမှာဖြစ်ပါတယ်။ မသိသူ ကျော်သွား၊ သိသူဖော်စား ဆိုတဲ့စ နစ်မဟုတ်တော့ပါဘူး" ဟုပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တွင် ပြုလုပ်သော မီဒီယာများနှင့်တွေ့ဆုံပွဲ တွင်ပြောကြားခဲ့သည်။
ယင်းသို့လွတ်လပ်စွာတင်သွင်း ခွင့်ပြုမည့် မော်တော်ယာဉ်များမှာ အိမ်စီးယာဉ်များသာဖြစ်သည့် အတွက် ငွေကြေးရှိသူရာခိုင်နှုန်း နည်း လူတန်းစားအတွက်အခွင့်အ လမ်းသာဖြစ်ကြောင်း စီးပွားရေး ပညာရှင်အချို့ကသုံးသပ်သည်။
"မသိသူကျော်သွား၊ သိသူ ဖော်စားဆိုတဲ့စနစ်မဟုတ်တော့ပေ မယ့်၊ သိပေမယ့်မဖော်စားနိုင်တဲ့သူ တွေအများကြီးပါ" ဟုကုမ္ပဏီဝန် ထမ်းအချို့ကပြောသည်။ လက်ရှိ လိုအပ်နေခြင်းသည် လိုင်းကားစီး ခရီးသည်များအတွက် လွယ်ကူ၊ သက်သာအဆင်ပြေစွာသွားလာနိုင် မယ့်၊ ခရီးသည်တင်ဘတ်စ်များနှင့် ယာဉ်ကြော ပိတ်ဆို့မှု ဖြေလျှော့ပေး နိုင်မယ့်လုပ်ဆောင်ချက်များသာ ဖြစ်ကြောင်း ပုံမှန်အလုပ်သွားအ လုပ်ပြန် လုပ်ကိုင်နေကြသူများက ပြောကြားသည်။
ရန်ကုန်မြို့ရှိ MCC ခန်းမတွင် ဒုတိယအကြိမ် မြောက် ကားပြပွဲကြီးကို မေ ၁၂ရက် တွင် စတင်ပြုလုပ်ခဲ့ရာပထမအကြိမ် ပြပွဲကြီးလောက်စည်ကားသိုက်မြိုက် မှုမရှိခဲ့ဘဲ၊ ဝယ်ရောင်း လုပ်ကိုင်သူ အ ချို့ကလက်ရှိ ပြောင်းလဲလိုက်သော မူဝါဒအရ စိတ်ဝင်စားမှုအားနည်း ကာ အမြင့်ကားစီးနိုင်သူ ငွေကြေး ရှိသူများကလည်း စောင့်ကြည့်ဦး မည့် အနေအထားရှိနေပေဦးမည်။ 
www.yoyarlay.com/index.php/book/book/article/26133-2012-05-16-09-20-09

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif