http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 May 2012

အေ မရိ ကန် တောမီး ပြည် နယ် ခြောက် ခု တွင် လောင် ကျွမ်း

အမေရိကန် တောမီး ပြည်နယ် ခြောက်ခုတွင် လောင်ကျွမ်းနယူး မက္ကဆီကို အနောက် တောင်ဘက်ရှိ မတ်စောက်သော တောင်တန်း များတွင် စနေနေ့က ထိန်းမနိုင် သိမ်းမရသည့် တောမီး လောင်ကျွမ်းမှု ဖြစ်ခဲ့သည်ဟု သိရ သည်။ အဆိုပါ တောမီးသည် အမေရိကန်နိုင်ငံ ပြည်နယ်ခြောက် ပြည်နယ်ရှိ မြေရိုင်း စတုရန်းမိုင် ၂၀ဝ ကျော်ကို ဝါးမြိုလိုက်ပြီဖြစ် သည်။
အမေရိကန် ပြည်ထောင်စုရှိ အရီးဇိုးနား၊ ကိုလိုရာဒို၊ မီရှီဂန်၊ နီးဗားဒါး၊ ယူးမက္ကဆီကိုနှင့် အူး တားပြည်နယ်များ၏ လူဦးရေ ထူ ထပ်ရာဒေသများသို့ မီးတောက် ပျံ့နှံ့လာရခြင်းမှာ လေတိုက်ခတ်ခြင်းနှင့် ခြောက်သွေ့သည့် နွေဦး နှောင်းရာသီကြောင့်ဟု သိရသည်။
သမိုင်းဝင် အနောက်ဘက် တောရိုင်းမိုင်းတွင်းရှိရာ မိုဂိုလွန်မြို့ လေးအပါအဝင် မြို့ငယ်ပေါင်းလေး ငါးမြို့မှာ ယခုအခါ တစ္ဆေခြောက် ခံရသည့်ပမာ ဖြစ်သွားကြသည်။ မိုင်ပေါင်းများစွာတောများနှင့် မြက် များကို ကူးစက်နိုင်သဖြင့် နေအိမ် များမှ ထွက်သွားကြရန် အမိန့်ပေး ထားခဲ့သည်ဟု ဆိုသည်။
လွန်ခဲ့သည့် ၁၀ ရက်က လျှပ်စီးပြတ် မိုးကြိုးပစ်ချမှုကြောင့် စတင်ဖြစ်ပွားခဲ့သည့် နယူးမက္ကဆီ ကို၏ ဝှိုက်ဝါးတားဘောလ်ဒီးကွန်း ပလက်စပ်မီးသည် သောကြာနေ့ တွင် ဖြစ်ခဲ့သည့်အတိုင်း မြေဧက ပေါင်း ၈၂၂၅၂ ဧကကို ဝါးမြိုခဲ့ပြီးယခုဒေသတွင် လောင်ကျွမ်းမှုသည် အဆိုပါမီးထက် ပိုမိုကြီးမားသည် ဟု တာဝန်ရှိသူများက ဆိုသည်။
“မနေ့တုန်းက အတော့်ကို ကြီးထွားလာတာ ကျွန်တော်တို့ သိပါတယ်၊ ဒါပေမယ့်ဗျာ ကျွန် တော်တို့မှာ တရားသေလုပ်စရာ ဘာမျှမရှိဘူး”ဟု မီးသတ်သတင်း ဌာန အရာရှိ ဒန်းဝဲရ်ကပြောသည်။ မီးသတ်သမားများနှင့်အတူ ဝန် ထမ်း ၅၈၀ ကျော်က အဆိုပါ မီး လောင်ကျွမ်းမှုကိုဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြသည်။ ကိုလိုရာဒိုပြည်နယ် ပါရာ ဒေါက်စ်မြို့အနီး လောင်ကျွမ်းသည့် မီးမှာ ဧက ၂၈၀ဝ ကိုဝါးမြိုခဲ့သည် ဟု အမေရိကန်နိုင်ငံ သစ်တော လုပ်ငန်း ပြောရေးဆိုခွင့်ရှိသူ စတိဗ် ဆီဂျင်က ဆိုသည်။
မီရှီဂန်ပြည် နယ်၏ အထက်ကျွန်းဆွယ်တွင် လောင်သောတောမီးမှာ စနေနေ့က ပင် ဧကပေါင်း ၂၁၀ဝ၀ ကျော်ကို လောင်ကျွမ်းခဲ့ရာ နယူးဘယ်ရီ ကျေးရွာ၏ မြောက်ဘက် ၁၄ မိုင် ခန့်မှ ဆူးပီရီးယား၊ ရေအိုင်အထိ ပျံ့နှံ့ခဲ့သည်ဟု အဆိုပါပြည်နယ်ရှိ သဘာဝသယံဇာတများ ဌာနက ထုတ်ဖော်ပြောဆိုခဲ့သည်။
အူးတားပြည်နယ် ပရိုမွန်ထရီ တောင် အနောက်ဘေးဘက်တွင် တောမီးလောင်မှုဖြစ်ပွားရာ ပြည် သူပိုင်မြေနှင့် ပုဂ္ဂလိကပိုင်မြေ ၄၂၀ဝ ဧကထိ ကြီးထွားခဲ့သော်လည်း မည်သည့်အဆောက်အအုံမျှ ပျက် စီးဆုံးရှုံးခြင်းမရှိဟု တာဝန်ရှိသူ များက ဆိုသည်။ 
www.yoyarlay.com/index.php

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif