၁၉၈၅/၈၆ ခုနှစ်က ဂျပန်နိုင်ငံကို ရောက်ရှိစဉ်က ရိုက်ကူးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..။ ကျိုတိုတက္ကသိုလ်မှာ (၉)လကြာ "မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုသမိုင်း" စာတမ်းပြုစုစဉ် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ အခန်းအတွင်း ဓာတ်ပုံ (Album)မှ မှတ်တမ်းတင် ရိုက်ကူးခဲ့တဲ့ ပုံပါ..။
အကြောင်းကြောင်းကြောင့် ကြန့်ကြာ နေတယ်ဆိုပြီး သတင်းများ ထွက်ပေါ်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံကူးလက်မှတ် ရရှိနေပြီ ဖြစ်ကြောင်းသိရှိရပါတယ်...။
လာမယ့် ဇွန်လလယ်မှာ သွားရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၂၄)နှစ်နီးပါးကြာ ပထမဦးဆုံး ပြည်ပ ခရီးစဉ်အတွက် မြန်မာနိုင်ငံကူးလက်မှတ် ရရှိနေပြီ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာမှ လာရောက်ထုတ်ယူဖို့ အကြောင်းကြားထား ပြီးဖြစ်ကြောင်း သိရှိရပါတယ်..။ ကိုယ်တိုင် သွားရောက် ထုတ်ယူဖို့ပဲ လိုအပ်တော့ကြောင်း သိရှိရပါတယ်..။ လာမယ့် ဇွန်လလယ်မှာ ၂၄နှစ်ကြာပြီ ဖြစ်တဲ့ လူထုခေါင်းဆောင်ရဲ့ ပထမဦးဆုံး ခရီးစဉ်အဖြစ် နော်ဝေးနဲ့ ဗြိတိန်နိုင်ငံကို အလည်အပတ် သွားရောက်မှာ ဖြစ်ကြောင်း သိရှိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လိုက်ပါသွားကြမယ့် အဖွဲ့ဝင်များ စာရင်းကိုတော့ မသိရှိရသေးပါဘူး..။
၁၉၈၆ခုနှစ် ဧပြီလက ကျိုတိုမြို့ရှိ ဆာကူရပန်းများအား နောက်ခံထားပြီး ရိုက်ကူးခဲ့တဲ့ မှတ်တမ်းတင် ဓာတ်ပုံ တပုံ..
ထို့အတူ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းအတွင်းမှာလည်း ၁၉၈၅ခုနှစ်မှာ ရောက်ရှိခဲ့ပြီး စာတမ်းပြုစုခဲ့တဲ့ ဂျပန်နိုင်ငံကိုလည်း အလည်အပတ် လာရောက်မှာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်...။ ဂျပန်နိုင်ငံ လာရောက်မယ့် အဆိုပါ ခရီးစဉ်ဟာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၂၆)နှစ်အတွင်း ပထမဦးဆုံး ဂျပန်နိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်..။
သတင်း... ဒီမိုဝေယံ






Kuala Lumpur Time
0 comments:
Post a Comment