ထိုင်းနိင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူလွတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အလုပ် သမား အခွင့်အရေး နားလည်အောင် လုပ်ဆောင်ကြရန်နှင့် မြန်မာပြည် ကို ပြန်ခေါ်၍ နေရာချထားပေးရေး ကိစ္စများ ကို ဟောပြော ဆွေးနွေးကြောင်း မဟာချိုင်မှ အလုပ်သမား အရေး တက်ကြွလှုပ်ရှားသူ ဦးတင့်လွင်ဦးကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းစံတော်ချိန် နေ့လည် ၁၀ နာရီခွဲက မဟာချိုင် ရွေ့ပြောင်း လုပ်သားကွန်ယက် ရုံးခန်းသို့ ရောက်ရှိလာပြီး ၎င်းကို မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်သောင်းနီးပါး ဝီလလမ်းမကြီး နံဘေးမှ စုပေါင်းကြိုဆို ကြကြောင်း ထိုင်းနိုင်ငံတွင် ၁၅ နှစ်ကျော် ဆက်တိုက် နေထိုင်ခဲ့သူ ဦးတင့်လွင့်ဦးက ပြောကြားသည်။ “လူအရမ်းများလို့ အနားတောင် ကပ်မရဘူး” ဟု ဦးတင့်လွင်ဦးက သူအတွေ့အကြုံကို ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တော်တွင် ကျင်းပသည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ရန် ၂၄ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ပြည်ပသို့ ခရီးထွက်ခြင်း ဖြစ်သည်။ မဟာချိုင်မြို့၊ စမုတ်ဆာခွန် ခရိုင်သည် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်း အလုပ်သမား အများဆုံး နေထိုင်သည့် မြို့တစ်မြို့ ဖြစ်သည်။ မြန်မာ အလုပ်သမားသည် ရေထွက်ကုန်ပစ္စည်း ထုပ်ပိုးစက်ရုံ အပါအဝင် ဒေသခံများက သရီးဒီဟု သတ်မှတ်ထားသော ညစ်ပတ်သော၊ အန္တရာယ် မကင်းသော၊ တောင်းဆိုမှု များသော အလုပ်ခွင်တွင် လုပ်ကိုင်နေကြရပြီး မဟာချိုင်တွင် မြန်မာရွေ့ပြောင်း အလုပ်သမား နှစ်သိန်းကျော် ရှိကြောင်း အလုပ်သမား အခွင့်အရေး ကူညီ ဆောင်ရွက်ပေးရေး အဖွဲ့များ၏ စာရင်းဇယားများအရ သိရှိရသည်။
www.yoyarlay.com/index.php/local-news/local-news/politics/26651-2012-05-31-06-03-27
0 comments:
Post a Comment