http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Jun 2012

စစ်ေ တွမြို့ ရွာ သာ ယာကျေး ရွာ ကို ဘင်္ဂ လီ များ မီး ရှို့ဖျက် ဆီး၊ ကူ ညီ သူ တစ် ဦးေ သ ဆုံး


စစ်တွေမြို့ အဓိဌာန် ဘုန်းတော်ကြီးကျောင်း အနီး ရွာသာယာကျေးရွာကို ဘင်္ဂါလီများ ၀င်ရောက် မီးရှို့ ဖျက်ဆီးနေရာ အဆိုပါ မီးလောင်မှုကို လာရောက် ကူညီ ငြှိမ်းသတ်ပေးသူ စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ဦးလှဌေးမှာ ပွဲချင်းပြီိး သေဆုံးသွားပြီး ဒဏ်ရာ ရသူများစွာလည်း ရှိကြောင်း စစ်တွေမြို့ သို့ရောက် ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေး ပို့သည်။
အဆိုပါကျေးရွာတွင် မီးလောင်နေသည့်အပြင် မီးရှို့သူ ဘဂါင်္လီများနှင့် ရခိုင် တိုင်းရင်းသားများ အကြား ပဋိပက္ခများ လည်း ဖြစ်ပွားနေကြောင်း ဒေသခံ များထံမှ သိရသည်။ အဆိုပါကျေးရွာတွင် လုံခြုံရေး မရှိသဖြင့် ဒေသခံများ ကိုယ်တိုင် ကာကွယ်နေ ရကြောင်း ဒေသခံ များက ဆိုသည်။ စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်အများအပြားတွင် လုံခြုံရေးအားနည်း လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တာဝန်ရှိ သူများက ပြောကြားသည်။ 
www.yoyarlay.com/local-news/local-news/upper-local-news/27070-2012-06-12-10-24-38

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif