http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Jun 2012

ကော့ေ သာင်း ဆိုင် ကယ် တိုက် မှု တ ဦး သေ ဆုံး



ဇွန်လ (၁၂) ရက်နေ့ ညနေက ကော့သောင်းမြို့တွင် ဆိုင်ကယ် တိုက်မှုကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားသည်။

အေးမြကန်သာရပ်ကွက် ရဲစခမ်းအနီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ တားဆီး စစ်ဆေးမှုကို လက်ခံခြင်း မရှိဘဲ ထွက်ပြေးသည့် အငှားဆိုင်ကယ်သည် သုးံမိုင်ထိပ်တောင်ကုန်းအတက်တွင် တဖက်မှ လာသော ဆိုင်ကယ်တစီးနှင့် အရှိန်ပြင်းစွာ တိုက်မိခြင်း ဖြစ်သည်။

အငှားဆိုင်ကယ် ခရီးသည် ဒေါ်ရီချို နှင့် ဆိုင်ကယ်မောင်းသူ လူငယ်နှစ်ဦးတို့ပြင်းထန်ဒါဏ်ရာဖြင့် ကော့သောင်းဆေးရုံကြီးသို့တင်လိုက်ရပြီး နောက်ပိုင်းတွင် ဒေါ်ရီချို ကွယ်လွန်သွားကြောင်းသိရှိရပါသည်။

အသက်(၄၀) ကျော်အရွယ် ဒေါ်ရီချိုသည် ကော့သောင်းမြို့၊ (၇) မိုင်ချောင်းဝမှ ဖြစ်သည်။ (၁၀) တန်း အောင်သည့်သမီးအတွက် အလုပ်ရှာပြီး ဆိုင်ကယ်(Taxi) ငှား၍နေအိမ်သို့အပြန် ထို မတော်တဆမှုနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

ကော့သောင်းမြို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လမ်းစည်းကမ်းဖောက်သည့် ဆိုင်ကယ် တစ်စီးလျှင် ကျပ်ငွေ တစ်သောင်းခွဲ ဒါဏ်ရိုက်ကြောင်း၊ အငှားဆိုင်ကယ်များက စစ်ဆေးရေးအဖွဲ့နှင့် ထိပ်တိုက်မတိုးအောင် ရှောင်၍ မောင်း နှင်ကြကြောင်း သိရသည်။ 
blog.irrawaddy.org/2012/06/blog-post_8908.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif