http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

19 Jun 2012

စစ်ေ တွ ရဲ စ ခန်းရှေ့တွင် ဆူ ပူ ခဲ့ သူ များနှ င့် သံ သ ယ ရှိ သူ များ အား စ တင် စစ်ေ ဆး

စစ်တွေမြို့ အမှတ်(၁) ရဲစခန်းရှေ့တွင် ဇွန် ၃ ရက်က ဖြစ်ပွား ခဲ့သည့်
ဆူပူ ဆန္ဒပြမှုတွင် ပါဝင် ပတ်သက် ခဲ့မှုနှင့် ပါဝင် ပတ်သက်မှု ရှိသည်ဟု သံသယ ရှိသူများအား အမှတ်(၁)ရဲစခန်းက ဇွန် ၁၆ ရက်မှ စတင်ခေါ်ယူ စစ်ဆေး ဖမ်းဆီး လျက်ရှိကြောင်း ခေါ်ယူ စစ်ဆေး ဖမ်းဆီးသွား သူများ၏ မိသားစု ၀င်များက ပြောသည်။
ယနေ့ ဇွန် ၁၈ ရက်ထိ ရဲစခန်းမှ ခေါ်ယူ စစ်ဆေး ဖမ်းဆီး ထားသူ ၂၃ ဦးရှိပြီး၊ ၄ ဦးမှာ သေနတ်ဒဏ်ရာ ရရှိထား သူများဖြစ်သည်။ ဇွန် ၃ ရက်က အခင်းဖြစ်ပွားပြီး ချိန်တွင် တရားခံ ဟုယူဆရသူ ၉ ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ပြီး ၎င်းတို့ အနက်မှ ပြစ်မှုကျူးလွန်ခြင်း မရှိသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း အမှတ်(၁)ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
“ဖြစ်ပြီးတဲ့အချိန်မှာ အဓိကတရားခံလို့ ယူဆရသူတွေကို ကျွန်တော်တို့ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ တချို့မှာ အပြစ်မရှိတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့လူ တွေကိုတော့ ဥပဒေပုဒ်မ (၆/၁)နဲ့ တရားစွဲဆိုသွားမှာပါ” ဟု အဆိုပါရဲအရာရှိက 7Day News သို့ပြောသည်။ စစ်တွေမြို့မဈေးနှင့် နာဇီဈေးတို့တွင် ဈေးလေလံ ကိစ္စနှင့်ပတ်သက်၍ မကျေနပ်မှုဖြစ်ပွားရာမှ အမှတ်(၁) ရဲစခန်းရှေ့တွင် စတင်ခဲ့သော အဆိုပါ ဆူပူဆန္ဒပြမှုကြောင့် ရဲတပ်ဖွဲ့ဝင်များပစ်ခတ်ရာ လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဥက္ကာကိုကို၊ ဖိုးသီဟ 
yoyarlay.com/local-news/local-news/upper-local-news/27233-2012-06-19-04-54-14

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif