ဘဏ်ဝန်ဆောင်မှု တစ်ခုဖြစ်သော ဈေးဝယ်ကတ် (Debit) ကတ်စနစ်ကို ဇူလိုင်လတွင်
ပုဂ္ဂလိက ဘဏ်များ၌ စတင် လုပ်ကိုင်နိုင် မည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က ပြောကြားသည်။
ကိုယ့်ငွေကို ကတ်ဖြင့် ပေးချေသည့် စနစ်ဖြစ်သော Debit ကတ် အသုံးပြုလိုသူသည် သက်ဆိုင်ရာ ဘဏ်များတွင် ငွေစာရင်း ဖွင့်ရမည်။ ထို့နောက် စက်များ တပ်ဆင်ထားသည့် နေရာတွင် မိမိသုံးစွဲလိုသည့် ပမာဏကို ထုတ်ယူနိုင်ကြောင်း သိရသည်။ “သုံးစွဲသူတွေအတွက် ငွေကိုင်ပြီး သုံးတာထက်ပိုပြီး စိတ်ချရတယ်” ဟု ဦးဖေမြင့်က ပြောကြားသည်။
လက်ရှိ စတင်နေသည့် ATM ကတ်စနစ်မှာလည်း သုံးစွဲသူများ တစ်နေ့တခြား ပိုများနေကြောင်း ပုဂ္ဂလိက ဘဏ်များမှ စုံစမ်းသိရသည်။ ကမ္ဘောဇဘဏ်သည် လက်ရှိ ATM ကတ် သုံးစွဲသူ ၂၀၀၀၀ ကျော် ရှိသည်။ သမဝါယမ ဘဏ်ကလည်း လက်ရှိ ရန်ကုန်မြို့တွင် ATM ကတ်သုံးစွဲသူလူ ဦးရေ ၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
“ကတ်စနစ်တွေ များလာတော့ ငွေများများ ကိုင်သုံးစရာ မလိုဘူးပေါ့။ အခု တစ်သောင်းကျပ်တန် ထုတ်တာလည်း ဒီလိုပဲ။ တစ်ထောင်တန်တွေ များများသုံးနေတာကို တစ်သောင်းကျပ်တန်နဲ့ အစားထိုး သုံးလို့ရအောင်ပါ” ဟု ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ-၂ ဦးသန်းလွင်က ဆိုသည်။ ကျပ်တစ်သောင်းတန် ငွေစက္ကူများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ငွေပေးငွေယူ ကိစ္စများတွင် ပိုမိုအဆင်ပြေ ချောမွေ့လာနိုင်သည်။
yoyarlay.com/local-news/local-news/l-local-news/27394-2012-06-23-08-01-12
0 comments:
Post a Comment