http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Jun 2012

EURO၂၀၁၂ မှာ စ ပိန် အ သင်း ကိုကြိုက် တယ် စန္ဒီမြင့် လွင်၊ ဝါ ဆို မိုး ဦး

EUEO၂၀၁၂ မှာ စပိန်အသင်းကိုကြိုက်တယ် စန္ဒီမြင့်လွင်၊ ဝါဆိုမိုးဦး

EURO၂၀၁၂မှာ စပိန်အသင်းကိုကြိုက်တယ် EURO ၂၀၁၂
ဘာလုံးပွဲကိုပရိသတ်များမနားတမ်းကြည့်ရှု အားပေးခဲ့ကြသလို၊ အနုပညာရှင်များ လည်း မလွတ်တမ်းကြည့်ရှုအားပေးတဲ့ အသံများကြားသိခဲ့ရပါတယ်။
ဒါကြောင့် ဒီတပတ် 8 Days Cover အတွက် ထူးထူးခြားခြား လည်းဖြစ်အောင် တစ်ခါမှ မတွဲဖူး သေးတဲ့ စန္ဒီမြင့်လွင်နှင့် ဝါဆိုမိုးဦးတို့ နှစ်ယောက်ကို EURO ၂၀၁၂ ဘောလုံးပွဲသို့သွားကြည့်မယ့် Fashion Style ဟန်ဖြင့် ရိုက်ကူးဖို့စဉ်းစားမိခဲ့ ပါတယ်။ သွက်လက်မြူြးွကတဲ့ သူတို့ရဲ့ Style နှင့်အတူ အမေးအဖြေကဏ္ဍမှာလည်း ဘောလုံးအားကစားနှင့် ပတ်သက်သမျှသူတို့အတွေး၊ သူတို့အဖြေများကို ဆက်လက်ဖတ်ရှုကြည့်ရအောင်ပါ။

Q. တကယ်လို့များ အကြိုက်ဆုံးဘောလုံးအသင်း ဘောလုံးပွဲလာနေတဲ့အချိန်မှာ စတိတ်ရှိုးဆိုနေတဲ့အချိန်၊ ဇာတ်ကားရိုက်နေတဲ့ အချိန်ကြုံခဲ့ရင် ဘာလုပ်ဖြစ်မှာပါလဲ။
စန္ဒီမြင့်လွင်- ဘောလုံးပွဲမကြည့်ဖြစ်တာကြာပြီ။ ကြည့်ချိန်မရှိတာလည်းပါတယ်။ အရင်တုန်းက မြန်မာပါတဲ့ ဦးမျိုးလှိုင်ဝင်း၊ ဦးသန်းတိုးအောင်တို့ ခေတ်တုန်းကတော့ မြန်မာဖက်က အားပေးပြီးဘောလုံးပွဲကို တောက်လျှောက်ကြည့်ဖြစ်တယ်။ နောက်ပိုင်းကျတော့ သူများနိုင်ငံအချင်းချင်းကန်ကြတာဆိုတော့ ဘယ်အသင်းကိုအားပေးမှန်းမသိတော့မကြည့်တတ်တာနဲ့မကြည့်ဖြစ်တော့တာပါ။
ဝါဆိုမိုးဦး - ဘောလုံးပွဲကိုတော့ ကြိုက်တယ်။ တကယ်လို့အလုပ်လုပ်နေရင်း ကိုယ်ကြိုက်တဲ့အသင်းနိုင်မနိုင်ကိုတော့ နားစွင့်နေမိမှာသေချာတာပေါ့။ ဒါပေမယ့်ဘောလုံးပရိသတ်ကို ပြောချင်တာက လောင်းကစားမလုပ်ဖို့ အတွက်တော့ အကြံပေးချင်တယ်။

Q. EURO ၂၀၁၂ မှာ အကြိုက်ဆုံး ဘောလုံးအသင်းနဲ့ ဘောလုံးသမား ရှိရင်ပြောပေးပါဦး။ ဒီနှစ်မှာ ဘယ်အသင်းဗိုလ်စွဲမယ်လို့ ထင်ပါသလဲ။
စန္ဒီမြင့်လွင်- အကြိုက်ဆုံးဘောလုံးသမားကတော့ တောရပ်(စ်) ကိုကြိုက်တယ်။ ချောလို့ (ရယ်လျက်) အကြိုက်ဆုံးအသင်းကတော့ သူပါတဲ့ စပိန်အသင်းကိုကြိုက်တယ်။ ဒီအချိန်မှာ ဘယ်အသင်းဗိုလ်စွဲမယ်ဆိုတာကို မခန့်မှန်းရဲသေးဘူး။ EURO ဘောလုံးပွဲက
ကြည့်ဖြစ်တဲ့အချိန်ရှိသလို၊ မကြည့်ဖြစ်တဲ့အချိန်ကများလို့ပေါ့။
ဝါဆိုမိုးဦး - စပိန်အသင်းကိုအကြိုက်ဆုံးပဲ။ အကြိုက်ဆုံးဘောလုံးသမားက ဟင်နရီ၊ ရိုနယ်ဒို(ဒိုလေး) ကို အကြိုက်ဆုံးပဲ။ ဒိုလေးက အရမ်းချောလို့ (ရယ်လျက်)။

Q. အနှစ်သက်ဆုံး ဘောလုံးအသင်းမန်နေဂျာ၊ ဘောလုံးသမားကို Online က အကြံပေးပါဆိုရင် ဘာတွေအကြံပေးဖြစ်မှာပါလဲ။
A. စန္ဒီမြင့်လွင် - ကိုယ်စားပြုတဲ့နိုင်ငံအတွက် မလျှော့သောဇွဲလုံ့လနဲ့ယှဉ်ပြိုင်စေချင်သလို၊ အသင်းမှာလိုအပ်ချက်၊ ကစားကွက်တွေကိုတစ်ပွဲထက်တစ်ပွဲကောင်းအောင် Online ကနေ တိုက်ရိုက်အကြံပေး ဖြစ်မှာသေချာတယ်။
ဝါဆိုမိုးဦး- (ရယ်လျက်)ဘောလုံးပွဲကြည့်တာကို သာဝါသနာပါတာ။ အဲဒါမျိုးကိုတော့အကြံမပေးတတ်ဘူး။

Q. အကြိုက်ဆုံး ဘောလုံးသမားက ချွေးတွေစိုရွှဲနေတဲ့ သူ့အင်္ကျီကိုပွဲ ပြီးတာနဲ့ လာယူပါဆိုရင် သွားယူဖြစ်မှာပါလား။
A. စန္ဒီမြင့်လွင်- ကြိုက်နှစ်သက်တဲ့ ဘောလုံးသမား ကသာလာယူပါဆိုရင် အပြေးသွားယူဖြစ်မှာ သေချာတယ်။ အိမ်မှာ ဒီးဒီရဲ့ အိပ်ခန်းထဲမှာတောင်သူ့အင်္ကျီကို ကပ်ထားလိုက်မှာ။
ဝါဆိုမိုးဦး- ဟာ သိမ်းထားမယ်။ ရိုနယ်ဒို(ဒိုလေး) သာပေးရင်တော့ သိမ်းထားမယ်။ ရိုနယ်ဒိုကိုတော့ကြိုက်သလားမမေးနဲ့။ အရမ်းချောလို့ (ရယ်လျက်) အရင်တုန်းကတော့ ဘက်ခမ်းကိုကြိုက်တယ်။ သူက အခုနည်းနည်းအိုသွားပြီဆို တော့ မကြိုက်တော့ဘူး။

Q. ဘောလုံး ကန်ခြင်းဟာ အနုပညာတစ်မျိုးဆိုရင် အကြိုက် ဆုံးဘောလုံးသမားနဲ့ တစ်နေ့လုံးဘောလုံးအကြောင်း ၊ အနုပညာ အကြောင်းတွေကို ထိုင်ပြောချင်ပါသလား။ ဘာတွေပြောဖြစ်မှာပါလဲ။
A. စန္ဒီမြင့်လွင်-ကိုယ်ကြိုက်တဲ့ ဘောလုံးသမားနဲ့သာ တစ်နေကုန် စကားပြောရရင် အရင်ဆုံးပျော်မိ မှာသေချာတယ်။ ကိုယ့်ရဲ့အနုပညာ အကြောင်းတွေ၊ သီချင်းဆိုတဲ့ အကြောင်းတွေကို သူ့ကိုတစ်နေကုန် ပြောပြမယ်။ သူ့ကိုဘာတစ်ခွန်းမှ ပြန်မပြောခိုင်းဘူး(ရယ်လျက်)
ဝါဆိုမိုးဦး-ထိုင်ပြောချင်တယ်။ သူ့အလုပ်အကြောင်း ကိုယ့်အလုပ် ကြောင်းတွေကို တစ်နေကုန် မနား တမ်းပြောမိမှာပါ။

Q. သီချင်းဆိုတဲ့အခါ ရုပ်ရှင်ရိုက်တဲ့အခါ၊ ပရိသတ်က လက်ခုပ်တီးပြီး အားပေးရင် အားတက်သလို၊ ပရိသတ်တစ်ယောက် အနေနဲ့ အကြိုက်ဆုံး ဘောလုံးသမားကို ဘယ်လိုပုံစံမျိုး လက်ခုပ်တီး အားပေးဖြစ်မှာပါလဲ။
A. စန္ဒီမြင့်လွင်-ကိုယ်ကြိုက် တဲ့ဘောလုံးသင်း၊ ဘောလုံးသမား သာဆိုရင် ဘောလုံးပွဲကြည့်ပြီး အားတက်သရောနဲ့ သွင်းတော့လေ။ သွင်းတော့လေ ဘာလုပ်နေတာလဲဆိုပြီး သူများတွေအော်သလို မျိုးအော်မိမှာသေချာတယ်။
ဝါဆိုမိုးဦး-ကိုယ်အကြိုက်ဆုံးဘောလုံးသမားကို လှိုက်လှိုက်လှဲလှဲ အားပေးဖြစ်မှာပေါ့။

Q. အကြိုက်ဆုံး ဘောလုံးသမားက ကိုယ့်ကို အိမ်ထောင်ဖက်အဖြစ် ကမ်းလှမ်းလာခဲ့ရင် လက်ခံမှာပါလား။
A. စန္ဒီမြင့်လွင်-ဝမ်းပန်းတသာနဲ့ပေါ့(ရယ်လျက်) စတ်ထဲမှာသာ ဝမ်းသာတာ ဒါပေမယ့် မိန်းမတို့ဣနြေ္ဒနဲ့ သုံးနှစ်သုံးမိုးစောင့်ပါဦး ဆိုပြီးလေ့လာဖြစ်မိမှာတော့သေချာတယ်။
ဝါဆိုမိုးဦး-စဉ်းစားရမှာပေါ့။ ရိုနယ်ဒို(ဒိုလေး) သာ လက်ထပ်ခွင့်တောင်းမယ်ဆိုရင် စဉ်းစားပါရစေဦးရှင် ပြောလိုက်မိမှာသေချာတယ်။(ရယ်လျက်)

Q. နောက်ဆုံးအနေနဲ့ အနုပညာလှုပ်ရှား မှုတွေနဲ့အတူ ပရိသတ်ကို နှုတ်ဆက်စကား ပြောပေးပါဦး။
A. စန္ဒီမြင့်လွင်- မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရံပုံငွေ ပွဲအတွက်ပါဝင် ဖျော်ဖြေပေးခဲ့တယ်။ ဒီးဒီရဲ့ VCD ထွက်ဖို့ကြိုးစားနေပါတယ်။ ထွက်ရှိရင် အားပေးပါဦးလို့ ပြောချင်တယ်။ ဗီဒီယို အနေနဲ့ကတော့ ခုလတ်တလော ကိုရဲတိုက်နဲ့ ဗီဒီယို ဇာတ်ကားလေး တစ်ကားရိုက်ကူးနေ
ပါတယ်။ ဆက်လက်ပြီး ပရိသတ် အတွက် အနုပညာတွေကို ဆက်လက် ကြိုးစားသွားပါ့မယ်လို့ နှုတ်ဆက် စကားပြောချင်ပါတယ်။
ဝါဆိုမိုးဦး- အခု လတ်တလောတော့ မြန်မာပြည်သိန်းတန်နဲ့ ထွန်းရွှေဝါကြော်ငြာရိုက်ဖြစ် တယ်။ အဲဒီမတိုင်ခင် ကိုဝေဠုကျော် နဲ့ ဇာတ်ကားနှစ်ကားရိုက်ဖြစ်တယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအတွက် ကချင်ပြည်နယ် ရံပုံငွေပွဲအတွက် ပြဇာတ်ကမှာဖြစ်တဲ့ အတွက် (၁၅) ရက်နေ့ကတည်းက ဇာတ်ကားရိုက်တာနားပြီး ပြဇာတ် ကို (၁၆) ရက်နေ့ထိက ပြဖြစ်ခဲ့တယ်။ ဒါပြီးရင်တော့ သရုပ်ဆောင် မြတ်သူအောင်နဲ့ ထွန်းရွှေဝါကြော်ငြာထပ်ရိုက်ဖို့ ရှိပါတယ်။ ပရိသတ်ကို ပြောချင်တာကတော့ ဝါဆိုတို့ အသက်ရှင်နေသရွေ့ အနုပညာနဲ့ ပတ်သက်သမျှ အဆန်းလေးတွေလုပ်သွားမှာပါ။ အိုက်တင်နဲ့ ပတ်သက်သမျှ ဒီ့ထက်မက တိုးတက်အောင်ကြိုးစားသွားမှာပါ။ အခုလိုဖက်ရှင်တွေ Cover တွေ ရိုက်ရာမှာလည်း ပရိသတ် အမြင်ဆန်းအောင်ကျေနပ်အောင်လည်း ကြိုးစားသွားမှာပါ။ ပရိသတ်ကို ဝါဆိုအမြဲတမ်းချစ်နေမှာပါ လို့နှုတ်ဆက် ချင်ပါတယ်။
yoyarlay.com/entertainment/entertainment/interview/27355-euro-2012

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif