အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်၏ နိုဘယ်လ်ဆုလက်ခံပွဲ အပါအဝင် ဥရောပ ခရီးစဉ် ကို အစိုးရ၏ သတင်းမီဒီယာများတွင် မဖေါ်ပြခြင်း မှာ ပုဂ္ဂိုလ်ရေးခရီးစဉ် သက်သက် ဖြစ်နေ သည့် အတွက်ကြောင့် ထုတ်လွှင့် ဖေါ်ပြမှု မရှိခြင်း ဖြစ်ကြောင်း အစိုးရ ပြန်ကြားရေး ဝန်ကြီး ဌာန ထိပ်ပိုင်း တာဝန်ရှိသူ တစ်ဦးက ဒိန်းမတ်နိုင်ငံ ကိုပင်ဟေ ပင်မြို့တွင် ပြောကြား ခဲ့ကြောင်း နိုင်ငံတာကာ သတင်းတစ်ပုဒ်တွင် ဖော်ပြပါရှိသည်။
ဥရောပတွင် ရောက်ရှိနေသော ပြန်ကြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှုး ဦးရဲထွဋ်က ဇွန်လ (၁၉) ရက်နေ့က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တော်၌ ကျင်းပပြုလုပ်သည့် မြန်မာ သတင်းမီဒီယာနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အစိုးရ မီဒီယာအနေနှင့် ပါတီများ၏ သတင်းများကို ဖော်ပြရာတွင် စည်းကမ်း သတ်မှတ်ထားပြီး ပုဂ္ဂိုလ်ရေး ခရီးစဉ်နှင့် သက်ဆိုင်ရာ ပါတီ၏လှုပ်ရှားမှု သက်သက်ဆိုလျှင် ဖော်ပြခြင်းမျိုး မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော် ကိုယ်စားပြု သွားရောက်ခြင်း ဖြစ်ပါက သတင်းအဖြစ် ဖေါ်ပြမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။ Al-Jazeera, CNN, BBC အပါအဝင် ကမ္ဘာ့ သတင်း မီဒီယာကြီးများသည် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ (၅) နိုင်ငံ ခရီးစဉ်အတွင်း လှုပ်ရှားမှုများကို အဆက်မပြတ် ထုတ်လွှင့် ပြသခဲ့သည်။
yoyarlay.com/local-news/local-news/politics/27385-2012-06-23-04-52-56






Kuala Lumpur Time
0 comments:
Post a Comment