အလယ်တန်းနဲ့အထက်တန်း ကျောင်းသားတွေရဲ့ ဂီတဘာသာရပ် အတွက်
လူသိများတဲ့ နာမည်ကြီး ကိုရီးယားပေါ့ပ် အဆိုတော်များဖြစ်တဲ့ CNBLUE, Super Junior, 2PM, Rain နဲ့Big Bang စတဲ့ အဆိုတော်များ အကြောင်းကို ထည့်သွင်းပုံနှိပ်လိုက်ပြီလို့ ပြီးခဲ့တဲ့ အပတ်က ကိုရီးယား-
ထိုင်းဆက်ဆံရေး စင်တာ(KTCC) ကနေပြီးခဲ့တဲ့ အပတ်က ပြောကြားခဲ့ပါတယ်။ ဒီဂီတ ဖတ်စာအုပ်ထဲမှာ နိုင်ငံမျိုးစုံက ဂီတအကြောင်းများနဲ့ကျောင်းသားများကို မိတ်ဆက်ပေးထားပေမယ့် အများစုပါဝင်တဲ့ အကြောင်း အရာများ ကတော့ တောင်ကိုရီးယား အဆိုတော် များအကြောင်းပဲဖြစ်ပါတယ်။ ဒီလို ကိုရီးယား ပေါ့ပ်စတားများ ထိုင်းဖတ်စာအုပ်ထဲ ရောက်သွားခြင်းဟာ သီချင်း ခွေတွေ ရောင်းအား မြင့်တက်စေဖို့လွှမ်းမိုးမှု ပိုလာစေတယ် ဆိုတာထက် စိတ်ပိုင်းဆိုင်ရာမှာပါ ထိုင်းပရိသတ်ကို ပိုမိုလွှမ်းမိုးစေ တယ်လို့KTCC ရဲ့ ဥက္ကဋ္ဌက ဆိုပါတယ်။
www.yoyarlay.com/international/international-news/asia/27295-2012-06-20-10-33-14
0 comments:
Post a Comment