http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Jun 2012

ရခိုင်ကိစ္စတွင် ဘက် လိုက်ေ သာ မီ ဒီ ယာ website များ ကို ဟက် ကာ အ ဖွဲ့တစ် ဖွဲ့ တိုက် ခိုက် မည် ဟု ဆို




မြန်မာနိုင်ငံသား ဟက်ကာ (Hacker) များဖြင့် ဖွဲ့စည်းထား သည့် BHG
(Blink Hacker Group) က လက်ရှိဖြစ်ပေါ်နေသည့် ရခိုင် ပြည်နယ် ပဋိပက္ခအခြေအနေ များတွင် ဖြစ်ရပ်မှန်နှင့်ဆန့်ကျင် စွာရေးသားနေကြသည့်ပြည်တွင်း ပြည်ပမှ ထုတ်လွှင့်နေသည့် ဝက်ဘ် ဆိုက်များကိုတိုက်ခိုက်သွားမည်ဖြစ် ကြောင်း ယင်းအဖွဲ့ဝင်တစ်ဦးက 7Day Newsသို့ ပြောသည်။ BHG မှ အဓိက Hacking ပြုလုပ်မည့်ဆိုက်များမှာ "အကြမ်း ဖက်သမားများ"ကို ထောက်ခံအား ပေးသူများ လွှင့်တင်ထားသည့် ဆိုက်မှန်သမျှဖြစ်ကြောင်း သိရ သည်။
" ကျွန်တော်တို့ သိရထားရ သလောက် အကြမ်းဖက်သမား တွေရဲ့ အထောက်အပံ့နဲ့ နေနေ ကြတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အ စည်းတွေ၊ လူပုဂ္ဂိုလ်တွေရှိပါတယ်။ လက်ရှိအဖြစ်အပျက်တွေကို ဆန့် ကျင်ရေးသားနေတဲ့ ဆိုက်မှန်သမျှ ကို တိုက်ခိုက်သွားမှာပါ"ဟု အ ထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြော သည်။ BHG က ၄င်းတို့ထိုသို့လုပ် ဆောင်မည့် အကြောင်းအရာကို မည်သူတစ်စုံတစ်ဦးက ထောက် ခံသည်ဖြစ်စေ၊ မထောက်ခံသည် ဖြစ်စေ အကြမ်းဖက်ခံ ရခိုင်တိုင်း ရင်းသားများဘက်မှနေပြီး ၄င်းတို့ တတ်ကျွမ်းထားသည့် ပညာရပ် များကို အသုံးချကာ ရပ်တည် သွားမည်ဟုသိရသည်။
ပြည်တွင်းပြည်ပရှိ နည်းပ ညာလေ့လာစောင့်ကြည့်သူများ နှင့် အဆိုပါဟက်ကာအဖွဲ့၏ အဆိုအBHG သည်ယခင်တည် ထောင်သူများဖြစ်ခဲ့သော First Generation ကို ဖြုတ်သိမ်းပြီး Second Generation ဖြင့် ဆက် လက်ရပ်တည်နေခြင်းဖြစ်သည်။ အကြမ်းဖက် သမားများကို ထောက်ခံရေးသားနေသည့် ဝက်ဘ်ဆိုက်များအတွက် တိုက် ခိုက်သွားမည့်အစီအစဉ်ကို ပထမ တည်ထောင်သူများနှင့် ဒုတိယ တည်ထောင်သူများ ပူးပေါင်းထား သည်ဟုဆိုသည်။ 
www.yoyarlay.com/science-tech/science-tech/internet/27270-website

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif