http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Jun 2012

ကံမကောင်း တာ မျိုး နဲ့ ကြုံခဲ့ ရပေ မယ့် ကံ ကိုကြောက် သွား တာ မျိုး မ ရှိ ပါ ဇေ ယျ

ဇေယျ လက်ရှိ ရောက်နေတဲ့ အရှိန်လေးအပေါ်မှာ ရော ကိုယ့်ကိုကိုယ်
ဘယ်လိုပြန်သုံးသပ် မိပါသလဲ။
ကျွန်တော်က ရောက်နေတဲ့နေရာမှာ ဘယ်တော့မှ အားမရပါဘူး။ ရှေ့ကို ဆက်တိုးမှာပါ။ တိုးနိုင်သရွေ့တော့ ဆက်တိုးနေမှာပါပဲ။ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရရင် ကျွန် တော် ဘာမှမဟုတ်သေးပါဘူး။ အနုပညာဝမ်းစာပြည့်ဖို့က ကျွန်တော့်မှာ အများကြီးလိုပါသေးတယ်။
ဇေယျ အခုဇာတ်ကားတွေ ပြန်ရိုက်ဖြစ်လာတဲ့အခါ အရင်ကထက် ပိုကြိုးစားမိတာရောရှိမလား။
 ကြိုးစားတာကတော့ အမြဲကြိုးစားနေတာပါပဲ။ အခြေ အနေအချိန်အခါ၊ ကံတရားအပေါ်မူတည်ပြီး ကြိုးစားလို့ရ တာ၊ ကြိုးစားလို့မရတာတွေပဲ ကွာသွားတာပါ။ ဒါပေမယ့် ဇေယျကတော့ ဇေယျပါပဲ။ အဲဒီလိုပဲ။ အဲဒီဇေယျရဲ့ စိတ် ထဲမှာရှိတဲ့ အနုပညာရူးသွပ်မှုကတော့ အမြဲတည်ရှိနေ မှာပါ။
တချို့က ရှေ့မှာ ကံမကောင်းတာမျိုးတွေနဲ့ ကြုံခဲ့ရတဲ့အခါ ကံကိုကြောက်သွားတာမျိုးတွေ ရှိတယ်လေ။ ဇေယျရော---။
ကျွန်တော်က ကံကိုကြောက်သွား တာမျိုးလည်းမရှိ သလို ပေါ့သေးသေးလို့လည်း သဘောမထားပါဘူး။ ကံကိုယုံသင့်သလောက်တော့ ယုံပါတယ်။ ကျွန်တော်က ကိုယ်လုပ်တဲ့အလုပ်ကို အမြဲကောင်းကောင်းမွန်မွန်နဲ့ ကြိုးကြိုးစားစားလုပ်တယ်။ စိတ်ထားကောင်းကောင်း ထားတယ်။ ဘုရားတရားမြဲမြဲလုပ်တယ်။ အဲဒီလိုဆိုကံက သူ့အလိုလို ကောင်းလာမှာပါ။ ကိုယ်ကကောင်းတာ လုပ်ရင်ကောင်းတာဖြစ်မှာပဲ။ အဓိကကတော့ ကိုယ့်ကိုယ် တိုင်ပါပဲ။ အတော် များများကတွေးကြတယ်။ ကျွန်တော် လည်းပါပါတယ်။ တစ်ခါတလေတွေးမိ တာပါ။ ကံမကောင်းဘူးကိုယ်လုပ်တဲ့ အတိုင်း ကံကစီမံပေးတာပဲ လေ။ အခုကံမကောင်းတာ ဟိုဘဝကကိုယ်ပြုမူခဲ့တာ မကောင်းတာကြောင့်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ဒီတော့ လက်ရှိဘဝမှာတတ်နိုင်သမျှတော့ ကောင်းကောင်းနေပါ တယ်။ ကံကောင်းအောင်လို့ပါ။ ကံကောင်းမှ စိတ်ချမ်း သာမှာလေ။ မဟုတ်ဘူးလား။
 ကံတွေအရမ်းကောင်းပြီး ဇေယျအောင်မြင်မယ့် နေ့ ရောက်လာမယ်လို့ရော မျှော်မှန်းထားပါသလား။
အဲဒီနေ့က အမြဲမျှော်မှန်းပြီး အမြဲစိတ်ကူးအိပ်မက် မက်နေတဲ့ နေ့ပါပဲ။ ဒါပေမယ့် ကျွန်တော်ဇွဲရှိပါတယ်။ 
www.yoyarlay.com/entertainment/entertainment/art/27444-2012-06-25-08-48-03

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif