
ယင်းထရန် စဖော်မာ မီးလောင်မှုကြောင့် ထရန်စဖော်မာ အတွင်းရှိ ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း၊ ယင်းမီးလောင်မှုတွင် မီးသတ်ယာဉ်၂စီး၊ အုပ်ချုပ်မှုယာဉ်၂စီး ၊သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၀ဦး၊ အရံ မီးသတ်တပ်ဖွဲ့ဝင်၃ဦးဖြင့် ၁၅မိနစ်ကြာငြိမ်းသက်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ထံမှသိရသည်။ ယင်းမီးလောင်မှုနှင့်ပတ်သတ်၍အရေးယူမည့်သူကို စုံစမ်းဆဲဖြစ်ကြောင်း ယင်းမီးသတ်တပ်ဖွဲ့ထံမှသိရသည်။ ယင်းလပြည်ဝန်း ပလာဇာသည်၊ ၂ကြိမ်မျှ ဓာတ်လှေကား ပိတ်မိသည့် ပြသာနာဖြစ်ဖူးကြောင်း ယင်းပလာဇာနှင့်ပတ်သတ်၍ နီးစပ်သောအသိုင်းအ၀ိုင်း ထံမှသိရသည်။ ''မီးလောင်တာသူ့ဆီကမဟုတ်ဘူးဆိုပြီး မီးသတ်တွေနဲ့တောင် စကား များတယ်၊"ဟုမျက်မြင်တွေ့ရှိသူ အသက်၃၀အရွယ် အမျိုးသားတစ်ဦး ကပြောကြားသည်။
www.yoyarlay.com/index.php/local-news/local-news/l-local-news/26746-2012-06-02-10-30-15
0 comments:
Post a Comment