ဤနည်းလမ်းမှာ  စာဖတ်သူများအား မိမိဘ၀တွင် ၀န်ဆောင်မှုနှင့်ရောစပ်ရန်အတွက် အထောက်အကူ  ဖြစ်လိမ့်မည်. . . ဤနည်းလမ်းကို ကျင့်သုံးပါက. . .  တစ်စုံတစ်ယောက်သောသူအတွက် အတုံ့အပြန် မမျှော်ကိုးဘဲ ကူညီလိုက်ရလျှင် မည်မျှ  လွယ်ကူ၍ မည်သို့သော စိတ်ချမ်းသာမှု ရရှိနိုင်ကြောင်း သိရပေလိမ့်မည်။ 
မကြာခဏဆိုသလိုပင်  ကျွန်ုပ်တို့သည် သိသိသာသာ အားဖြင့်သော်လည်းကောင်း၊ မသိမသာအားဖြင့်သော်  လည်းကောင်း အခြားသူတို့အတွက် ကိစ္စတစ်ခုကိ ဆောင်ရွက်ပေးရသည့်အခါ  ကျေးဇူးပြုခြင်း ခံရသူတို့ထံမှ တစ်စုံတစ်ရာ အတုံ့အလှည့်ကို  မျှော်လင့်မိကြသည်။ "ကျွန်တော် သန့်စင်ခန်းကို ဆေးကြောပေးထားလို့. . . သူက  အိမ်သာကို ဆေးကြောပေးသင့်ပါတယ်. . . "  ဟူ၍ လည်းကောင်း၊ "အရင်တစ်ပတ်တုန်းက  သူ့ကလေးကို ထိန်းပေးခဲ့လို့ ဒီအပတ်တော့ သူလုပ်မယ်လို့ ပြောသင့်ပါတယ်. . "  ဟူ၍လည်းကောင်း အသေးအဖွဲကအစ ပြောမိတတ်ကြသည်။ဤသို့ ပြောခြင်းသည်  ကိုယ်ကျေးဇူးပြုသမျှကို မလွတ်တမ်း စာရင်းတို့ထားလျှက် ကိုယ်က  ပြုလုပ်ပေးရခြင်းသည် ကိုယ်ရသော ဆုလာဘ် ဖြစ်သည် ဟူသော အချက်ကို  မေ့မေ့လျော့လျော့ ပြုတတ်ကြသည်။ 
တစ်စုံတစ်ယောက်အတွက်  ကောင်းမှု ပြုရလျှင် ပြုလိုက်ရုံ သက်သက်သာ ဖြစ်သင့်သည်။ ထိုအခါ  ကိုယ့်စိတ်ထဲ၌ ကျေနပ်လှပသော ငြိမ်းချမ်းမှု ပေါ်ပေါက်နေလိမ့်မည်ကို  အေးအေးလူလူ တွေးကြည့်မိလျှင် သိနိုင်မည်ဖြစ်သည်။ တက်တက်ကြွကြွ  လှုပ်ရှားလေ့ကျင့်သော လေ့ကျင့်ခန်းများသည် ဦးနှောက်တွင်းရှိ အင်ဒိုဖင်  ဓာတ်များကို ထွက်စေ၍ ကိုယ်ကာယ လှုရှားမှု တွင် နေကောင်းထိုင်သာ ရှိသကဲ့သို့  စေတနာ မေတ္တာဖြင့် ကူညီသော အလုပ်များသည် စိတ်ဓာတ်ကို အလားတူ  အကျိုးများပေးနိုင်လေသည်။ 
ကိုယ်ရရှိသည့် ဆုလာဘ်မှာ ကြာင်နာစွာ ဆောင်ရွက်ရသော လုပ်ငန်းတွင် ကိုယ်တိုင်ပါဝင်ခွင့်ရရှိခြင်း ဖြစ်ကြောင်းသဘောပေါက်နိုင်ခြင်း ဖြစ်သည်။  ထိုအခါ သင့်မှာ တစ်စုံတစ်ရာ အတုံ့အပြန် မလိုအပ်ရုံမက "ကျေးဇူးတင်ပါတယ်"  ဟူသော စကားကိုပင် လိုအပ်စရာ မရှိပေ။   အမှန်စင်စစ်အားဖြင့် ကိုယ်က  ဆောင်ရွက် ကျေးဇူးပြုလိုက်သည်ကို ကာယကံရှင်အား အသိပေးနေစရာ မလိုအပ်ပေ။ 
စိတ်၏  ကြည်နူးမှုကို အဆီးအတားပြုသော အရာကား အတုံ့အပြန် သဘောကို  မျှော်လင့်ခြင်းပင်ဖြစ်သည်။ ကိုယ့်စိတ်က မျှောလင့်ချက် တစ်စုံတစ်ရာ  ထားမိသည့် အတွေးသည် ရင်ထဲတွင် ကြည်နူးရမည့် ကိစ္စကို ဖျက်လိုဖျက်ဆီး  ပြုလိုက်သလို ဖြစ်ရလေသည်။ထိုအတွေးမျိုးမပေါ်လျှင် ကြည်နူးရပေလိမ့်မည်။ 
ထို့ကြောင့်  တစ်ပါးသူအတွက် အကျိုးရှိစေမည့် စေတနာဖြင့် ဆောင်ရွက်ပေးမည့်  ကိစ္စတစ်ရပ်ရပ်ကို ရှာကြံ၍ အကျိုးမမျှော်ဘဲ ပြုလုပ်ရသည်။ ကိုယ်က  အခြားတစ်ဦးဦးအား ကူညီစောင့်ရှောက်ပြီးသွားသည့် နောက် အကျိုးမမျှော်ကိုးဘဲ  လုပ်ကိုင်ပေးရခြင်းအတွက် စိတ်နွေးထွေးကျေနပ်မှု ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိ  သတိထားကြည့်ပါ။  ထိုသို့ပြုလုပ်လေ့ကျင့်နိုင်သည် နှင့် အမျှ စိတ်ချမ်းသာ ကြည်နူးရခြင်း အမြတ်ကို ရရှိပါလိမ့်မည်။
www.awdlib rary.co.cc
မောင်ဆုရှင်






  Kuala Lumpur Time
0 comments:
Post a Comment