
သားညီရဲ့ ဖေ့ဘုတ်ပေါ်မှာ ဒွေးပုံ တင်ထားတာတွေ့ရပြီး မိတ်ဆွေ သူငယ်ချင်းတွေက ဒွေးကို သတိရတယ်လို့ ဆိုတာကြောင့် သူ့မှာရှိတဲ့ ပုံတွေထဲက မမြင်ဖူးသေးတဲ့ ပုံတွေကို တင်ပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ ဒွေး အမှတ်တရအဖြစ် မလုပ်နိုင်သေးဘဲ ဖေ့ဘုတ်မှာ ဒွေး ဓာတ်ပုံ တင်တာပဲလုပ်နိုင်ပြီး ကျန်တာတော့ စိတ်ကူးထဲရှိပေမယ့် အချိန်အရရော၊ ငွေကြေးအရရော မလုပ်နိုင်သေးကြောင်း ပြောပါတယ်။ အစ်ကိုဖြစ်သူ ဒွေး အကြောင်းကိုလည်း သားညီက အိပ်မက်မက်လေ့ ရှိပါတယ်။ အခုတလောတော့ အိပ်မက်မမက်တာ ကြာနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လလောက်ကတော့ ဒွေးကို ၂ ခါလောက် အိပ်မက်မက်ခဲ့ကြောင်း ပြောပါတယ်။ အိပ်မက်က ထူးထူးခြားခြားတော့ မဟုတ်ဘဲ အစ်ကိုဖြစ်သူ ဒွေးကိုတော့ တွေ့လိုက်ရကြောင်း ပြောပါတယ်။ ေ
ဒွးဝင်စား ကလေးပေါ်နေတယ်ဆိုတဲ့ သတင်းတစ်ခု ထွက်တာကြောင့် ဒွေးကို ချစ်ခင်တဲ့ ပရိသတ်တွေ၊ ခင်မင်တဲ့ မိတ်ဆွေတွေက သူ့ကို ဖုန်းခဏခဏဆက်ပြီး မေးကြတဲ့အတွက် ဖြေရှင်းခဲ့ရကြောင်း ပြောပါတယ်။ ဒီသတင်းအပေါ် သားညီက "ကျွန်တော်ကတော့ သွားကြည့်ဖို့လည်း အစီအစဉ် မရှိပါဘူး။ ကျွန်တော့် စိတ်ထဲမှာတော့ အစ်ကိုက တစ်နေရာကို ခရီးသွားနေတယ်လို့ပဲ သတ်မှတ်ထားပါတယ်။ အခုအချိန်ထိ သူ့ကို မမေ့သေးဘဲ စိတ်ထဲမှာ ရှိနေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝင်စားတယ်ပဲဖြစ်ဖြစ်၊ မဝင်စားဘူးပဲဖြစ်ဖြစ် ဒွေးတော့ မဟုတ်တော့ဘူးလေ။ ဒွေးကိုချစ်တဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်"လို့ ပြောပါတယ်။
www.yoyarlay.com/entertainment/entertainment/art/27538-2012-06-28-07-14-45
0 comments:
Post a Comment