ဒီအမှုမှာ နှစ်ဘက်သက်သေ အယောက် ၂၀ လောက် စစ်ဆေးမှာဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
"သက်သေတစ်ယောက် စစ်တယ်။ မကုန်သေးဘူး။ ၅  နာရီမှ ပြီးပါတယ်ဗျာ။ သက်သေ နှစ်ဘက်ဆိုရင် ၂၀ လောက်ရှိတယ်ဗျ။ ဒါ  information  ကျွန်တော်ရလို့ ကျွန်တော်ပေးတာ။ ကျွန်တော် intentionally  လုပ်တာ သူတို့ဘာမှ သက်သေမပြနိုင်ပါဘူး။ အလားအလာကတော့ ကျွန်တော့်ဘက်ကတော့  တော်တော်ကောင်းတာပေါ့ဗျ။ တရားရုံးက ဘာလုပ်မယ်ဆိုတာတော့ မသိဘူး"
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲလက်မှတ်တွေ ဖယောင်းသုတ်ထားလို့  မဲပေးတဲ့အခါ ဘောလ်ပင်ခြစ်လို့ မရပဲ ချော်နေတဲ့ဖြစ်ရပ်တွေ တွေ့ရတယ်လို့  အနယ်နယ်အရပ်ရပ်က သတင်းပေးပို့လာတဲ့ အတွက် ရွေးကောက်ပွဲ  အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားရတဲ့ ဦးဥာဏ်ဝင်းက ဒီအကြောင်းကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့သလို သတင်းမီဒီယာတွေမှာလည်း  ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းမှားထုတ်ပြန်မှုနဲ့  ပြည်ထောင်စု ရွေးကောက်ပွဲ  ကော်မရှင်က NLD အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို တရားစွဲထားတာဖြစ်ပါတယ်။  ဇူလိုင်လ ၆ ရက်နေ့မှာ နောက်တခေါက် ရုံးချိန်းသတ်မှတ်လိုက်တယ်လို့   ဦးဥာဏ်ဝင်းက ပြောပါတယ်။ 
rfA NEWS






  Kuala Lumpur Time
0 comments:
Post a Comment