http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Jun 2012

ခ ရီး သွားဝန်ကြီး ဦးအောင် မင်း

~

ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ - ဧရာဝတီ)

မီးရထားဝန်ကြီး ဦးအောင်မင်း ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်နေပါတယ်။ ရန်ကုန်-မဲဆောက် ရထားလမ်းဖောက်ဖို့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးစကားတွေပြောဆိုဖို့ပါ။

သူနဲ့အတူ လ၀က ၀န်ကြီး ဦးခင်ရီလည်း ပါတယ်လို့ သိရပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖောင်ဆောင်မှုအဖွဲ့ရဲ့ မဲဆောက်မြို့ခရီးစဉ်မှာ ABSDF အဖွဲ့နဲ့ ဒီနေ့ တွေ့ပါတယ်။

မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်နဲ့လည်း တွေ့ပါတယ် - ၀န်ကြီးဦးအောင်မင်းက မြန်မာပြည်ထဲမှာ ဆေးခန်းတွေ ပြန်လာဖွင့်ဖို့ တိုက်တွန်းလိုက်ပါတယ် တဲ့။

အကူအညီကို အနောက်နိုင်ငံတွေကနေ ယူမနေနဲ့၊ မြန်မာအစိုးရက ထောက်ပံ့ပေးမယ်လို့ ၀န်ကြီးက အာမခံပေးနိုင်ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

အခုတလော ၀န်ကြီး ဦးအောင်မင်း တွေ့ဆုံခဲ့တဲ့ နယ်စပ်နဲ့ ပြည်တွင်းက အဖွဲ့တွေ ပေါင်းလိုက်ရင် တရာလောက်တော့ ရှိမယ် ထင်ရပါတယ်။

Generation Wave - GW လို့ ခေါ်တဲ့ မျိုးဆက်သစ် လူငယ်များ အစည်း အရုံး အဖွဲ့ ခေါင်းဆောင်များနဲ့လည်း တနင်္ဂနွေနေ့ကပဲ ရန်ကုန်မှာ တွေ့ကြပါတယ်။ ငြိမ်းချမ်းရေး၊ အဖွဲ့အစည်း မှတ်ပုံတင်ရေးတွေ ပြောဖြစ်ကြပါတယ်တဲ့။

ဝန်ကြီးရဲ့ ငြိမ်းချမ်းရေးခရီးကာလ ထူးခြားမှုတွေကို ဧရာဝတီ မြန်မာပိုင်းအင်္ဂလိပ်ပိုင်း တို့မှာ ဖတ်ရှုနိုင်တော့မှာပါ။

blog.irrawaddy.org/2012/06/blog-post_1115.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif