မေလ ၂၅ ရက်နေ့က ယူကရိန်းပါ လီမန် အတွင်း ဘာသာစကား ဆိုင်ရာ ဥပဒေနှင့်  ပက်သက်၍ အငြင်းပွားကာ လွှတ်တော်အမတ်များ ကိုယ်ထိလက်ရောက် တစ်ဦး နှင့် တစ်ဦး တိုက်ခိုက်ကာ ရန်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရုရှားဘာ သာစကားပြောဆိုသော ယူကရိန်းနယ်မြေ များ၌ တရားရုံးများ၊ ဆေးရုံများနှင့် အခြား ဌာနများတွင် ရုရှားဘာသာစကားအသုံး ပြုမှုအား ခွင့်ပြုရေးအတွက် ဥပဒေမူကြမ်း ကို တင်သွင်းရာမှ အငြင်းပွားပြီး ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါခိုက်ရန် ဖြစ်ပွားမှုကြောင့် ယူကရိန်း အတိုက်အခံ ပါတီအမတ် နီကိုလာပီးထရောက့်မှာ သွေးသံရဲရဲဖြင့် ဒဏ်ရာ ရရှိ ခဲ့သောကြောင့် အရေးပေါ်ကုသမှုပင် ခံယူခဲ့ရကြောင်း သိရသည်။ ယူကရိန်းသမ္မတဗစ်တာယာနုကိုဗစ်ခ်ျ၏ ပါတီမှအမတ်များကရုရှားဘာသာစကားပြော သော အရှေ့ပိုင်းဒေသ ကို ထောက်ခံ အား ပေးလိုသော်လည်း ယူကရိန်းကိုရုရှား၏အရိပ် အောက်မှဆွဲထုတ်လိုသောအနောက်တိုင်း လိုလားသည့်အတိုက်အခံပါတီအမတ်များက ရုရှားဘာသာစကားကို အသုံးပြုရန် ဆန့် ကျင်ကန့်ကွက်ခဲ့ကြသည်။
www.yoyarlay.com/index.php/international/international-news/europe/26748-2012-06-02-11-05-40
0 comments:
Post a Comment